Zhao Lusi က အောင်မြင်မှု အများအပြား ရနေသူတစ်ဦးဖြစ်ပြီး ရှေ့အနာဂတ်မှာလည်း အများကြီး အောင်မြင်ဦးမယ်လို့ ထင်ကြေးပေးခံရတဲ့ လူငယ် တရုတ်မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ သူမက ခါးသွယ်သွယ်လေးကို ပိုင်ဆိုင်တဲ့ အပြင် သွက်လက်တဲ့ အမူအကျင့်၊ ချစ်ဖို့ကောင်းတဲ့ မျက်နှာပေါက်လေးကြောင့် လူချစ်လူခင်ပေါတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ဓာတ်ပုံလှလှလေးတွေကိုလည်း သူမရဲ့ Weibo Account မှာတင်လေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေ နမူနာယူနိုင်မယ့် Zhao Lusi ရဲ့ Selfie ဆွဲနည်းတွေကို ဖော်ပြလိုက်ပါတယ်။

မျက်လုံးတစ်ဖက် မှိတ်ပြမယ်။ ကင်မရာကို အကဲဖြတ်ဝေဖန်တဲ့ ပုံစံလေး ကြည့်မယ်။

နေရောင်ကို လက်နဲ့ ကွယ်နေတဲ့ ပို့စ်လေး

ခေါင်းလေးကို စောင်းပြီး ပါးဖောင်းဖောင်းလေးကို ဦးစားပေးမယ်။

နှုတ်ခမ်းဆူလိုက်၊ ပြုံးလိုက်နဲ့ အမျိုးမျိုး လုပ်ကြည့်မယ်။

ပန်းလေးတွေ တွေ့ရင် Selfie လှလှလေး ဆွဲမယ်။

ပါးလေးကို လက်ထောက်ပြီး နှုတ်ခမ်းလေး ဆူမယ်။

အိပ်ခါနီး ချစ်စရာကောင်းတဲ့ ပုံစံလေး

လက်ထောက်ပြီး ပါးမို့နီနီလေးတွေနဲ့ ကင်မရာကို ကြည့်မယ်။

ဆံပင်လေးကို လက်နဲ့ထောက်ကာ ကိုင်ထားပြီး မျက်လုံးမှိတ်ပြမယ်။

အရုပ်တစ်ရုပ်နဲ့ Zhao Lusi လို ပြောင်ပြနိုင်ပါတယ်။

ပုံမှန် ကင်မရာကို ပြုံးပြမယ်။

လက်နှစ်ချောင်းထောင်ပြီး လျှာထုတ်ပြမယ်။

တိလေးတွေ ရှိရင် အတူတူ မျက်လုံး ပြူးပြမယ်။

မျက်လုံးတစ်ဘက်ကို လက်နှစ်ချောင်းထောင်ပြီး ပိတ်ထားမယ်။

ဆံပင်စည်းနေတဲ့အချိန် Selfie ဆွဲတာကလည်း သဘာဝကျပါတယ်။

သင်က Zhao Lusi ရဲ့ ဘယ် Selfie ပုံလေးကို သဘောအကျဆုံးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar