မိုးအေးတဲ့နေ့တွေမှာ ဝတ်ဖို့အတွက် လူငယ်ဆန်တဲ့ အတိုဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုရီးယားဖက်ရှင်လေးတွေကြိုက်တယ်၊ အတိုဝတ်ရတာ ကြိုက်တယ်ဆိုရင် ဒီဖက်ရှင်လေးတွေကိုလည်း သဘောကျမှာ သေချာပါတယ်။

Cardigan လေးတွေက မိုးတွင်းမှာ ထုတ်ဝတ်လို့ အကောင်းဆုံးပါပဲ။ ဒီဖက်ရှင်လေးဆိုရင် မိုးအေးတဲ့နေ့တွေမှာ ဝတ်လို့အဆင်ပြေပါတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

အပေါ်ထပ်တွေ တကူးတကမဝတ်ချင်တဲ့အခါ မိုးအေးရင် ဒီလိုလက်ရှည်အင်္ကျီကို Mini စကပ်လေးတွေနဲ့ တွဲဝတ်လိုက်ပါ။

ဒီလိုဘောင်းဘီလေးတွေဆိုရင် ဝတ်ရတာ အရမ်းပေါ့ပါးမှုရှိပါတယ်။ မိုးအေးတဲ့အခါ အပေါ်ကနေ လက်ရှည်အင်္ကျီအကြပ်လေးတွေနဲ့ ဒီလိုတွဲဝတ်ကြည့်နော်။

ဒီဖက်ရှင်လေးဆိုလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ လှပါတယ်။ မိုးအေးတဲ့နေ့အတွက်တော့ ကွက်တိပါပဲ။

တီရှပ်လေးကို စကပ်အတိုနဲ့တွဲဝတ်ပြီး အပေါ်ကနေ Jacket အပွတွေ ထပ်ဝတ်တာမျိုးက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ မိုးအေးတဲ့နေ့တွေနဲ့ ဆောင်းရာသီမှာ ဝတ်လို့ အကောင်းဆုံးပါပဲ။

မိုးအေးရင် Hoodie ထုတ်ဝတ်ရတော့မယ်ဆိုတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းအောင် ဒီလိုလေးတွဲဝတ်ကြည့်နော်။

မိုးအေးတဲ့အခါ ဒီလို Jean Jacket လေးတွေနဲ့လည်း ရှိုးထုတ်လို့ရပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါပဲ။

ဂါဝန်အတိုကို အပေါ်ကနေ Cardigan လေး ထပ်ဝတ်တာမျိုးကလည်း ချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။ မိုးအေးတဲ့အခါ ဒီလိုလေးဝတ်လို့လည်း ရသေးတယ်နော်။

Cardigan လှလှလေးတွေကို ထုတ်ဝတ်ရမယ့်အချိန်မှာတော့ ဒီလိုလေးတွေ ချစ်ဖို့ကောင်းအောင် တွဲဖက်ဝတ်ဆင်ကြည့်ပါ။

ဆောင်းရာသီနဲ့ မိုးအေးတဲ့နေ့တွေမှာတော့ ကုတ်လေးတွေ ထုတ်ဝတ်ပြီး ရှိုးထုတ်ကြည့်နော်။ ကိုရီးယားဖက်ရှင်လေးကြိုက်ရင် ဒီဖက်ရှင်ကိုလည်း သေချာပေါက် သဘောကျမှာပါ။

ဘောင်းဘီအတိုကို အကျပ်တွေနဝတ်ပဲ ဒီလို နည်းနည်းပွတာမျိုးလေးတွေ ဝတ်ပြီးတော့ Cardigan လှလှလေးတွေ ဝတ်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးဖြစ်ပါတယ်။

Photo source:www.pinterest.com