စကပ်အတိုလေးတွေ ဝတ်ရတာကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ လူငယ်ဆန်တဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ချစ်ဖို့ကောင်းပြီး ဖက်ရှင်ကျလှပနေစေမယ့် ဖက်ရှင်လေးတွေဖြစ်လို့ စကပ်အတိုဝတ်ရတာကြိုက်ရင် သဘောကျမှာ သေချာပါတယ်။

ဒီစကပ်အတိုဖက်ရှင်လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။ အရပ်ပုလည်းလိုက်သလို အရပ်ရှည်လည်းလိုက်ပါတယ်။

ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ စကပ်ဖက်ရှင်လေးပါ။ လူငယ်ဆန်တဲ့ပုံစံလေးလည်း ဖြစ်သလို အခုခေတ်စားနေတဲ့ စကပ်ဖက်ရှင်လေးလည်း ဖြစ်ပါတယ်။

 

ဂျင်းစကပ်လေးတွေဝတ်တဲ့အခါ အကျပ်လေးတွေဝတ်ရတာ ရိုးနေပြီဆိုရင် ဒီလိုအကားဒီဇိုင်း လှလှလေးတွေ ဝတ်ကြည့်နော်။ ရိုးရိုးအင်္ကျီလေးတွေနဲ့ Simple Style လေးဝတ်တောင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေမှာပါ။

 

အေးတဲ့နေရာတွေမှာဆိုရင် ဒီလိုစကပ်ဖက်ရှင်လေးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

 

အေးတဲ့နေရာတွေမှာ ဝတ်ဖို့အတွက် နောက်ထပ်စကပ်ဖက်ရှင်လေးပါ။ ချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်ပါတယ်။

 

ဒီဖက်ရှင်လေးကတော့ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ ချစ်ဖို့ကောင်းနေမှာပါ။ လှလည်းလှပါတယ်။

 

Leather စကပ်လေးတွေဝတ်ရင် အင်္ကျီကို Body Fit လေးတွေနဲ့သာ တွဲဝတ်ပါ။ ဖိနပ်ကိုတော့ Boots လေးတွေစီးပါ။ Smart ကျပြီးလှနေမှာ သေချာပါတယ်။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် စကပ်ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ လူငယ်ကောင်မလေးတွေ၊ ဆယ်ကျော်သက်လေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

ခါးတိုလေးတွေ၊ ခါးပေါ်တာလေးတွေ ဝတ်ရတာမျိုးကို ကြိုက်တယ်ဆိုရင်တော့ ဒီလိုစကပ်ဖက်ရှင်လေးကို ရွေးချယ်လိုက်နော်။ အရမ်းချစ်ဖို့ကောင်းပြီး ဖက်ရှင်ကျလှပနေမှာပါ။

ဒီဖက်ရှင်လေးဆိုရင်လည်း ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲနဲ့ လှနေမှာပါ။ အထာကျတဲ့စတိုင်လ်လေးတွေ ကြိုက်တယ်ဆိုရင် ဒီဖက်ရှင်လေးကို Try ကြည့်နော်။