ပူအိုက်တဲ့နေ့တွေမှာ ဝတ်ဖို့အတွက် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အတိုဝတ်ရတာ ကြိုက်တဲ့သူတွေဆိုရင်တော့ သဘောကျမှာ သေချာပါတယ်။
တီရှပ်အပွလေးကို ရိုးရိုးဘောင်းဘီလေးနဲ့ တွဲဝတ်ပြီး Sneakers အဖြူလေးစီးထားတဲ့ ဒီဖက်ရှင်လေးက ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ထသွားထလာဝတ်ဖို့အတွက်တော့ အဆင်အပြေဆုံးပါပဲ။
တင်းနစ်စကပ်လေးတွေကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်တာလည်း ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
တင်းနစ်စကပ်ကို တီရှပ်အပွတွေနဲ့ ဒီလိုတွဲဝတ်တာမျိုးကျတော့ လွတ်လပ်ပေါ့ပါးပြီး Freestyle ပုံစံလေးနဲ့ ချစ်ဖို့ကောင်းတာပါ။
ပူအိုက်တဲ့နေ့တွေမှာ ဝတ်လို့အကောင်းဆုံးကတော့ ဒီဖက်ရှင်လေးပါပဲ။
ဂျင်းဘောင်းဘီအတိုကို အင်္ကျီအဖြူအပွလေးတွေနဲ့ တွဲဝတ်တာက Simple ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။
ဂါဝန်ဝတ်မယ်ဆိုလည်း ပူအိုက်တဲ့နေ့တွေမှာ ဒီလိုလက်ပြတ်လေးဝတ်ပါ။ Sneakers အဖြူလေးပါ စီးလိုက်ရင်တော့ ပိုပြီးလူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းနေမှာပါ။
ပူအိုက်တဲ့နေ့မှာ ဂျင်းစကပ်အတိုလေးတွေပဲဖြစ်ဖြစ်၊ ဒီလိုစကပ်အတိုလေးတွေကို ဝတ်မယ်ဆိုရင်တော့ ကြိုးတစ်လုံးအပွလေးတွေနဲ့သာ တွဲဝတ်ပါ။ ချစ်ဖို့ကောင်းပြီး အေးလည်းအေးပါတယ်။
ဒီလိုဂါဝန်အတို ကြိုးတစ်လုံးလေးတွေလည်း ဝတ်လို့ကောင်းပါတယ်။ Sneakers လေးပါ စီးလိုက်ရင်တော့ Perdect ဖြစ်ပြီး ပိုချစ်ဖို့ကောင်းသွားမှာပါ။
ဂျင်းဘောင်းဘီအတိုကို ဒီလိုချည်သားအင်္ကျီလှလှလေးတွေနဲ့ တွဲဝတ်တာလည်း အရမ်းရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးဖြစ်ပါတယ်။
ပူအိုက်တဲ့နေ့မှာ ဘောင်းဘီအရှည်ဝတ်မယ်ဆိုရင်တော့ အပေါ်ကအင်္ကျီကို အေးတာလေးဝတ်သင့်ပါတယ်။ ဒီလိုကြိုးတစ်လုံးလေးနဲ့ တွဲဝတ်တာကတော့ လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှု ပိုရှိစေမှာပါ။
Photo source:www.pinterest.com