ဒီရာသီခွင်တွေကတော့ ကိစ္စတိုင်းကို ကိုယ့်အားကိုယ်ကိုးပါတယ်။ ဖြစ်သမျှ ကိစ္စတိုင်းကိုလည်း သူတို့လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူတို့ဘဝမှာ ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး၊ ကိုယ်ကိုယ်တိုင်ကြိုးစားရမယ်လို့ သိထားသူတွေပါ။ အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ရာသီခွင်တွေကတော့-

၁။ Leo (July 23 – August 22)

Leo ရာသီဖွားတွေက သစ္စာရှိပါတယ်။ သူတို့ လုပ်မယ်လို့ ခံယူထားတဲ့အရာကို ဖြစ်အောင် လုပ်တတ်ကြပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာလည်း တစ်ယောက်တည်း ကြိုးစားတတ်ပါတယ်။ သူတို့ဘဝကို စိတ်အားထက်သန်စေတဲ့အရာတွေထဲမှာ တစ်ယောက်တည်းလုပ်တာလည်း ပါဝင်ပါတယ်။

၂။ Aries (March 21 – April 19)

Aries တွေက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး အကောငး်မြင်ဝါဒီသမားတွေဖြစ်ပါတယ်။ စိတ်မရှည်တဲ့ ရာသီခွင်ပါ။ ဒါကြောင့် ဘယ်သူ့ကိုမှ မစောင့်ဘဲ အလုပ်တွေကို တစ်ယောက်တည်းလုပ်တတ်ပါတယ်။ သူတို့ လိုချင်တဲ့အရာကို မဖြစ် ဖြစ်အောင် လုပ်တတ်ပါတယ်။ အဖွဲ့နဲ့အလုပ်လုပ်လို့ တစ်ယောက်ယောက်ပျက်ကွက်ရင်လည်း Aries တွေက ရှေ့ဆက်ပြီး ရအောင်လုပ်ပါတယ်။

၃။ Virgo (August 23 – September 22)

Virgo ရာသီဖွားတွေက အလုပ်လုပ်တဲ့အချိန် လုံးဝ Perfect ဖြစ်မှ ကြိုက်သူတွေပါ။ အသေးစိပ်လိုက်ကြည့်တတ်ပြီး သူတို့ကိုယ်တိုင် လုပ်ရမှ ကျေနပ်တတ်သူတွေဖြစ်ပါတယ်။

၄။ Cancer (June 21 – July 22)

Cancer တွေက လိုက်လျောညီထွေ နေတတ်ပါတယ်။ သူတို့က အလုပ်တစ်ခုကို အခြားလူတွေ မလုပ်ချင်တဲ့ အချိန် ကို သဘောပေါက်ပါတယ်။ ဒီလိုအချိန်ဆိုရင်လည်း ဘယ်သူ့အကူအညီကိုမှ မယူဘဲ တစ်ယောက်တည်းလုပ်တတ်ပါတယ်။

၅။ Sagittarius (November 22 – December 21)

ဒီရာသီဖွားတွေက အရာရာကို အောင်မြင်အောင် လုပ်နိုင်တယ်လို့ နားလည်ထားတာမို့ တစ်ယောက်တည်း လုပ်တတ်ကြပါတယ်။ အရာရာကို အကောင်းမြင်တတ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသူတွေဖြစ်ပါတယ်။

၆။ Gemini (May 21 – June 20)

Gemini တွေက ပြောင်းလဲမှုအတိုင်း လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြပါတယ်။ ကိစ္စတစ်ခုခု မှားယွင်းခဲ့ရင်လည်း ဘယ်သူ့ကိုမှ မအားကိုးဘဲ တစ်ယောက်တည်းလုပ်တတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar