အချစ်ရေးတစ်ခုတည်းမှာပဲ ကိုယ့်ကိုကိုယ် မနစ်မြုပ်လိုက်ပါနဲ့။ ကိုယ့်ဘဝ ကိုယ့်ရည်မှန်းချက်တွေရှိပါသေးတယ်။ တချို့တွေဆိုရင် ရည်းစားရတာနဲ့ သူငယ်ချင်းအတွက်လည်း အချိန်မပေးဖြစ်တော့ပါဘူး။ တကယ်လို့ သင်က ရည်းစားအတွက်ပဲ အချိန်ပေးနေမိတယ်ဆိုရင်တော့ ဒီအချက်တွေကို အရင်လိုက်နာပေးပါ။

၁။ သူငယ်ချင်းတွေနဲ့ ရက်တစ်ရက် သတ်မှတ်ပြီး ပုံမှန်တွေ့ပေးပါ


ရည်းစားရပြီးတာနဲ့ ရည်းစားနောက် တကောက်ကောက်လိုက်ရတဲ့ လူမျိုးမဖြစ်ပါစေနဲ့။ သူငယ်ချင်းတွေနဲ့လည်း ပုံမှန်တွေ့ပေးပါ။

၂။ သင်ဝါသနာပါတာအတွက် အချိန်ပေးပါ


သင်ဝါသနာပါတဲ့အရာကို ပြန်သတိရပေးပါ။ ဒီအတွက်အချိန်ပေးပါ။ သင့်ချစ်သူကလည်း သင့်ရဲ့ ဝါသနာ သင့်ရဲ့ အရည်အချင်းတွေကြောင့် သင့်ကို အထင်ကြီးနှစ်သက်ခဲ့တာလေ။

၃။ သင့်ရည်းစားနဲ့မတွေ့ဘဲ နေကြည့်ပါ

ပိတ်ရက် စနေ တနင်္ဂနွေ နှစ်ရက်လောက် သင့်ရည်းစားနဲ့ မတွေ့ဘဲ နေကြည့်ပါ။ လေ့လာချက်တွေက ချစ်သူနဲ့ မသွားဘဲ တစ်ယောက်တည်းနေကြည့်တာက အမှီအခိုကင်းတဲ့ စိတ်ကို တိုးပွားစေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် လွမ်းဖို့အချိန် ပေးလိုက်တာက ပိုချစ်သွားစေပါတယ်။

၄။ သင့်အကြောင်း သိအောင်လုပ်ပါ


ကိုယ်မသိသေးတဲ့ ကိုယ့်အကြောင်းကို ရှာဖွေပါ။ သင်တန်းအသစ်တွေတက်ပါ။ အကြောင်းအရာသစ်တွေကို စိန်ခေါ်ပါ။

၅။ ဝါသနာတွေကို ရှာဖွေပါ


ကိုယ်လုပ်ချင်တဲ့အရာတွေကို အမြဲရှာဖွေနေပါ။ ပန်းချီဆွဲသင်မလား။ မုန့်ဖုတ်သင်တန်းတက်မလား။ အတတ်ပညာအသစ်တွေကို အမြဲရှာဖွေပြီး သင်ယူနေပါ။

Photo Source: Pinterest

By MyStyle Myanmar