အားလုံးပဲ မင်္ဂလာပါ။ စိတ်ဖိစီးမှုဆိုတာကတော့ လူတိုင်းမှာ အနည်းနဲ့အများ ရှိတတ်တာချည်းပါပဲ။ စိတ်ဖိစီးတာ၊ စိတ်ပင်ပန်းတာက လူတိုင်း ဖြစ်ဖူးပါတယ်။ ဖြစ်လို့လည်း ကိုယ့်ကိုကိုယ် အပြစ်တင်စရာမလိုပါဘူး။ ဒါပေမဲ့ အမြဲတမ်းမဖြစ်နေဖို့တော့လိုပါတယ်။ စိတ်ဖိစီးမှုတွေ မတန်တဆ များလာတဲ့အခါ ရုပ်ရင့်ပါတယ်။ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်ပျော်အောင်လုပ်တတ်ဖို့ အရေးကြီးပါတယ်။ ဒီတော့ ၅ မိနစ်အတွင်း အမြန် စိတ်ဖိစီးမှု သက်သာစေမယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ရယ်လိုက်ပါ

စိတ်ညစ်လာတဲ့အခါ ရယ်စရာတွေဟာသတွေကို ရယ်မောရင်း ကြည့်လိုက်ပါ။

၂။ အသက်ရှူပါ

အခုလည်း အသက်ရှူနေရတာပါပဲ။ ဒါပေမဲ့ စိတ်ဖိစီးလာတဲ့အချိန် ကိုယ့်အသက်ရှူတာကို ပိုအာရုံစိုက်လိုက်ပါ။ ဝင်လေထွက်လေကို အာရုံစိုက်ပြီး စိတ်လျျော့ပေးပါ။


၃။ ပီကယ်ဝါးပါ

ပီကယ်ဝါးတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

၄။ အော်လိုက်ပါ

တချို့တွေ စိတ်တွေမွန်းကျပ်လာရင် ခေါင်းအုံးတစ်လုံးနဲ့ ဖိပြီး အော်ပစ်လိုက်တာကို သင်မြင်ဖူးမှာပါ။ အော်ဟစ်လိုက်တာက ကိုယ့်စိတ်ဖိစီးမှုကို အမြန်သက်သာစေပါတယ်။


၅။ အကြောဆန့်ပါ

စိတ်ဖိစီးမှုတွေ များတဲ့အခါ အကြောဆန့်ပေးပါ။ တင်းနေတဲ့ အကြောတွေ ပြေလျော့သွားပြီး နေလို့ကောင်းလာပါလိမ့်မယ်။

၆။ ခွေး/ကြောင်လေးတွေနဲ့ဆော့ပါ

သင်က အိမ်မွေးတိရစ္ဆာန်မွေးထားတယ်ဆိုရင်တော့ သူတို့လေးတွေနဲ့ ဆော့ကစားပါ။ အပြစ်ကင်းစင်တဲ့ အကောင်ပေါက်လေးတွေက သင့်ကို ပျော်ရွှင်စေမှာပါ။


၇။ သင့်ခေါင်းထဲမှာ နံပါတ်စဉ်ရေတွက်ပါ

ဒေါသထွက်လာတဲ့အချိန်၊ စိတ်ဖိစီးမှုဖြစ်လာတဲ့အချိန်ဆိုရင် ၁ ကနေ ၁၀ ထိ ရေတွက်ကြည့်ပါ။ ကိုယ့်ခေါင်းထဲမှာ ဒါကိုပဲ အာရုံစိုက်ကြည့်ပါ။ သင့်အာရုံလွှဲပေးလိုက်သလို ဖြစ်စေပါတယ်။

၈။ သင့်ခန္ဓာကိုယ်ကို ဘရပ်ရှ်နဲ့ တိုက်ပေးပါ

ရေမသုံးဘဲနဲ့ သင့်ခန္ဓာကိုယ်ကို ဘရပ်ရှ်နဲ့တိုက်ပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး စိတ်ဖိစိးမှု လျော့ကျစေပါတယ်။


၉။ သီချင်းဆိုပါ

သီချင်းတစ်ပုဒ်ကို အသံအကျယ်ကြီးနဲ့ ဆိုလိုက်တာက သင့်ကို ပျော်လာစေပါတယ်။

၁၀။ ကိုယ့်ခန္ဓာကိုယ်ကို နှိပ်နယ်ပါ

ကိုယ့်ခန္ဓာကိုယ်မှာ တင်းနေတဲ့ နေရာတွေကို သင့်လက်ကို အသုံးပြုပြီး နှိပ်နယ်ပေးနိုင်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို အမြန်လျှော့ချကြည့်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar