အခုဆောင်းပါးကို ဖတ်နေတဲ့ပျိုမေလေးတွေထဲမှာ မျက်နှာအသားအရေကို ချေးချွတ်တတ်လေ့ရှိတဲ့ ပျိုမေလေးတွေပါလားမသိဘူးရှင့်။ ဒီလိုမျက်နှာအသားအရေကို ချေးချွတ်ပေးတာက မျက်နှာပေါ်ရှိ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားလေးတွေကို သေချာသန့်စင်ဖယ်ရှားပေးတာကြောင့် တစ်လတစ်ခါဖြစ်ဖြစ် ၂ ပတ်တစ်ခါဖြစ်ဖြစ် မှန်မှန်လေးလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။
ဒါမှသာ ဆဲလ်သေတွေဖယ်ရှားပြီး ဆဲလ်အသစ်လေးတွေပြန်ထွက်လို့ ကိုယ့်အသားအရေလေးက နူးညံ့ချောမွတ်နေတော့မှာပေါ့။ ဒါပေမယ့် အခုလိုမျိုး အသားအရေကို ချေးချွတ်တဲ့အခါမှာ သတိထားရမယ့်အချက်တွေကို မေ့ထားပြီးတော့ လျှောက်လုပ်လို့လည်းမဖြစ်သေးပါဘူး။ ဒါဆိုရင် ဘယ်လိုအချက်တွေကို အဓိကသတိထားရမလဲ။ ဘယ်လိုအမှားတွေကို အထူးရှောင်ကြဥ်ရမလဲ။
လိုတာထက်ပိုပြီး ချေးချွတ်ခြင်း သို့မဟုတ် မလုံလောက်ခြင်း
ဒီအချက်က အထူးသတိထားရပါမယ်။ သတ်မှတ်ထားတဲ့အကြိမ်ရေထက် ပိုပြီးတော့ ချေးချွတ်မိမယ်ဆိုရင် အသားအရေကို ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေပေါ်မူတည်ပြီးတော့ ဘယ်နှစ်ကြိမ်ချေးချွတ်သင့်သလဲဆိုတာကို သိထားသင့်ပါတယ်။ Sensitive ဖြစ်တတ်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ချေးချွတ်သင့်ပါတယ်။ ကိုယ်က ပုံမှန်အသားအရေ၊ Combination အသားအရေဆိုရင်တော့ တစ်ပတ်လျှင် သုံးကြိမ်လောက်ဆို လုံလောက်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်များကတော့ တစ်ပတ်လျှင် ငါးကြိမ်ထိ လုပ်နိုင်ပါတယ်။
ကြမ်းကြမ်းတမ်းတမ်း ချေးချွတ်ခြင်း
ပြင်းပြင်းပွတ်လေ ပိုပြီးထိရောက်တယ်လို့ တွေးနေတယ်ဆိုရင်တော့ အမှားကြီးမှားသွားပါပြီ။ မျက်နှာအသားအရေက အင်မတန် နူးညံ့တဲ့အတွက် ကြောင့် ညင်ညင်သာသာလေး ပွတ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် ရေပူပူကိုသုံးပြီး မျက်နှာသစ်တာက အသားအရေကိုခြောက်သွေ့စေနိုင်လို့ ရေအေး သို့မဟုတ် ကြက်သီးနွေးထရုံရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးသင့်ပါတယ်။
အသားအရေကို ပြန်ပြီးမထိန်းသိမ်းခြင်း
မျက်နှာအသားအရေကို ချေးချွတ်ပြီးပြီဆိုတာနဲ့ ချွေးပေါက်တွေက သန့်ရှင်းသွားပြီမို့ Skincare ပစ္စည်းတွေကို ကောင်းကောင်းစုပ်ယူနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ အသားအရေကို ချေးချွတ်ပြီးတာနဲ့ နေ့တိုင်းလုပ်နေကျ Skincare တွေကို လုပ်ဆောင်ပေးပါ။ မနက်ခင်းမှာ ချေးချွတ်တယ်ဆိုရင် နေရောင်ခြည်နဲ့ မတည့်တာ မဖြစ်ရအောင်လို့ ချက်ချင်း Sunscreen လိမ်းပေးပါ။