နူးညံ့ပျော့ပြောင်းတဲ့ ဆံကေသာကို လူတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဆံကေသာဟာ ဒုတိယမျက်နှာဆိုသလိုပဲ အမျိုးသမီးတွေအားလုံး နူးညံ့တောက်ပတဲ့ ဆံကေသာ လိုချင်ကြပါတယ်။ နူးညံ့တောက်ပတဲ့ဆံကေသာကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင် ဆံကေသာကို ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။

အထူးသဖြင့် ခေါင်းလျှော်တဲ့အခါ ဆံကေသာကို ထိခိုက်ပျက်စီးမှုနည်းအောင် ဘယ်လိုလျှော်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

ဆံပင်အခြောက်ခံပုံ

ဆံပင်အခြောက်ခံတဲ့အခါမှာ လေမှုတ်စက်နဲ့ မဟုတ်ဘဲ နူးညံ့တဲ့ တဘက်နဲ့သုတ်ပေးတာပိုကောင်းပါတယ်။ တကယ်လို့ လေမှုတ်စက်သုံးမယ် ဆိုရင်လည်း အပူချိန်ကိုလျှော့ထားပေးနိုင်ပါတယ်။

ခေါင်းလျှော်ရည်

သင်အသုံးပြုမယ့်ခေါင်းလျှော်ရည်ရဲ့ အရည်အသွေးကလည်း အရေးကြီးပါတယ်။ သင့်ဆံကေသာ ပြဿနာတွေနဲ့ သင့်တော်မယ့် ခေါင်းလျှော်ရည်ကို ရွေးချယ်ပါ။

ဆံပင်ကို ခပ်ဖွဖွ ကိုင်တွယ်ပါ

ဆံပင်ကို တဘက်နဲ့ သုတ်တဲ့အခါမှာပဲဖြစ်ဖြစ် ဘီးနဲ့ ဖြီးတဲ့အခါမှာပဲဖြစ်ဖြစ် ခပ်ဖွဖွလေး ကိုယ်တွယ်ပေးသင့်ပါတယ်။

ခေါင်းလျှော်ရည်အများကြီးမထည့်ပါနဲ့

ခေါင်းလျှော်ရည်သုံးတဲ့အခါမှာ အတော်အသင့်ပဲ အသုံးပြုပေးပါ။ အများကြီးထည့်ပြီးမသုံးသင့်ပါဘူး။ သဘာဝ အဆီအနှစ်တွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသုံးပါ။

ခေါင်းကို မကြာခဏမလျှော်ပါနဲ့

ခေါင်းကို ခဏခဏ လျှော်တာလည်း မကောင်းပါဘူး။ နေ့တိုင်းလျှော်စရာမလိုပါဘူး။ ဆံပင်တောက်ပြောင်သန်စွမ်းမှုကို နှေးကွေးစေပါတယ်။

ရေပူပူကိုမသုံးပါနဲ့

ခေါင်းလျှော်တဲ့အခါမှာ ရေပူပူကြီးနဲ့ လျှော်တာမျိုးကို မလုပ်သင့်ပါဘူး။ ဆံပင်ပိုကျွတ်စေသလို ဆံကေသာကို ကြမ်းတမ်းစေပါတယ်။ ရေအေး ရိုးရိုးရေနဲ့ပဲ လျှော်ပေးပါ။

ပေါင်းဆေး ပျော့ဆေးသုံးပါ

ခေါင်းလျှော်ပြီးတိုင်း ပေါင်းဆေး (သို့) ပျော့ဆေးကို ၅ မိနစ်လောက် ထည့်ပေးပြီး ရေသေချာပြောင်အောင်လျှော်ပါ။

Source: www.trendcrown.com