အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ပိုင်ဆိုင်နိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ အောင်မြင်ချင်တယ်ဆိုပြီး ထိုင်အော်နေရုံနဲ့မပြီးတာမလို့ လက်တွေ့ဘဝမှာအောင်မြင်ချင်တဲ့သူတိုင်း ဒီအချက်တွေက မဖြစ်မနေပြင်သင့်တဲ့အချက်တွေပါ။

နှောင့်နှေးကြန့်ကြာတတ်တာ

အောင်မြင်နေတဲ့သူတိုင်း အချိန်ဆွဲပြီး ဆိုဖာပေါ်မှာ ထိုင်နေတာမျိုး သင့်တွေ့ဖူးမှာမဟုတ်ပါဘူး။ “နောက်မှလုပ်မယ်” ” ပြီးမှလုပ်မယ်” ဆိုတဲ့စကားတွေနဲ့ အချိန်ဆွဲတတ်တဲ့အကျင့်က မဖြစ်မနေပြင်သင့်တဲ့အချက်ပါ။

Comfort Zone မှာပျော်နေတာ

စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ တိုးတက်မှုဖြစ်လာတယ်။ ဒါဟာ ဘဝရဲ့ ကစားပွဲထဲမှာ အဆင့်တက်နေသလိုပါပဲ။ အဆင်မပြေမှုများကို ရင်ဆိုင်လိုက်ပါ။ စိန်ခေါ်မှုမရှိဘဲ အေးအေးချမ်းချမ်း၊ သက်တောင့်သက်သာရှိနေတာကို ကျေနပ်နေတဲ့အကျင့်ကလည်း နှုတ်ဆက်သင့်တဲ့အကျင့်တစ်ခုပါပဲ။

ကျန်းမာရေးကိုလျစ်လျူရှုတာ

လူအတော်များများက အောင်မြင်မှုရှာဖွေရင်း ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို မေ့လျော့နေတတ်ကြပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ အောင်မြင်သူတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ အောင်မြင်ရုံသာမကဘဲ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဟန်ချက်ညီအောင် ထိန်းသိမ်းရာမှာလည်း အောင်မြင်ကြပါတယ်။ ဒါကြောင့် ကျန်းမာရေးကို လျစ်လျူရှုတဲ့ အလေ့အကျင့်ကို ဖျောက်လိုက်ကြရအောင်။

ကိုယ့်ကိုကိုယ် သီးခြားခွဲထားတာ

အောင်မြင်မှုဆိုတာ အသင်းအားကစားတစ်ခုလိုပဲ ။ ဘောလုံးပွဲတစ်ပွဲကို ကိုယ့်ဘာသာကိုယ် အနိုင်ရဖို့ ကြိုးစားနေသလိုပါပဲ- ခက်တယ်မဟုတ်လား။ အောင်မြင်မှုဆိုတာ ပူးပေါင်းဆောင်ရွက်တာ ၊ တခြားသူတွေဆီက သင်ယူရတာမလို့ ကိုယ့်ကိုကိုယ် သီးခြားခွဲထားတတ်တဲ့ အလေ့အကျင့်ကို စွန့်လွှတ်လိုက်တာဟာ အောင်မြင်ဖို့အတွက် လမ်းစပါပဲ။

ဝေဖန်မှုများနဲ့ တုံ့ပြန်မှုများကို ငြင်းဆိုတာ

အားလုံက အမှားတွေလုပ်တတ်ကြပါတယ်။ ဒါဟာ လူ့အတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား။ ဒါပေမယ့် တစ်စုံတစ်ယောက်က သင့်ကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ တုံ့ပြန်မှုတွေလုပ်လာတဲ့အခါမျိုးမှာ သင့်ရဲ့အောင်မြင်မှုလမ်းကြောင်းကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဝေဖန်တာက ရန်သူမဟုတ်တာမလို့ ဒါကိုလက်ခံတာဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုပြီး ခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေဖြစ်အောင်၊ အဆင်သင့်ဖြစ်လာပါတယ်။