လူတိုင်းကို ယုံကြည်လို့မရဘူးဆိုတဲ့ စကားကမှန်ပါတယ်။ တချို့သော လူတွေကသင့်အနားမှာ ရှိနေပေမယ့် သင့်အပေါ်မကောင်းတဲ့ နီးကပ်ရန်သူတွေလည်း ဖြစ်နိုင်ပါတယ်။

မိတ်ဆွေတိုင်းက မိတ်ဆွေကောင်းမဖြစ်နိုင်ဘူးဆိုတာ လက်ခံထားသင့်ပါတယ်။ ဒီလို သင့်အပေါ်မကောင်းတဲ့ မိတ်ဆွေအတုအယောင်ဆိုတာ သိနိုင်မယ့်အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

မကောင်းပြောတတ်သူ

ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး အမျိုးစုံကြိုးခုန်တက်တဲ့လူတွေဟာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ ကိုယ်ရှေ့မှာ မြှောက်ပင့်ပြီးပြောဆိုပေမယ့် ကိုယ်နောက်ကွယ်ရောက်တဲ့အခါ ကိုယ့်ရဲ့ မကောင်းသတင်း အတင်းအဖျင်းတွေကို သပုတ်လေ့လွင့်ပြောဆိုနေတက်တဲ့သူတွေဟာ တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ မိတ်ဆွေအတုဖြစ်ပါတယ်။

အယူပဲရှိပြီး အပေးမရှိသူ

မိတ်ဆွေအစစ်ဆိုတာ ကိုယ်တကယ်ရောက်လာရင်ကူညီဖို့ဝန်မလေးသလို ကိုယ်ဘက်ကကူညီလိုက်တဲ့အကူအညီကိုလည်း ထာဝရမမေ့ကြပါဘူး။ ဒီလိုမှမဟုတ်ပဲ ဒုက္ခရောက်တဲ့အချိန် ကိုယ့်ဆီက အကူညီရယူခဲ့ဖူးပေမယ့် ကိုယ်လည်း အခက်အခဲအကျပ်အတည်းတွေနဲ့ ပြန်ရင်ဆိုင်ရတဲ့အခါ မသိချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုထားတက်တဲ့သူဆိုရင်တော့ ဝေးဝေးကရှောင်ဖို့ မှာချင်ပါတယ်။

အားနည်းချက်ကို နိုင်ကွက်လုပ်သူ

တစ်ခါတစ်လေမှာ ကိုယ့်ဘဝရဲ့ လျို့ဝှက်ချက်တွေ အားနည်းချက်တွေကို ကိုယ့်ရဲ့ မိတ်ဆွေထံ ထုတ်ပြောမိတက်ကြပါတယ်။ စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်မိတာ ကိစ္စမရှိပေမယ့် ကိုယ့်အပေါ်မစစ်မှန်တဲ့ လူတစ်ယောက်ကိုပြောပြလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ လျို့ဝှက်ချက် အားနည်းချက်တွေက သူတို့အတွက်နိုင်ကွက်ဖြစ်သွားတတ်ပါတယ်။ ဒီလိုကိုယ့်အားချက်ကိုအနိုင်ယူပြီး ကိုယ့်အကျိုးစီးပွားတက်အသုံးချသူတွေကို မိတ်ဆွေစာရင်းကထုတ်လိုက်ပါ။

သစ္စာဖောက်ဖို့ ဝန်မလေးသူ

မိတ်ဆွေဆိုတာ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိဖို့လည်း လိုပါတယ်။ တစ်ယောက်ကိုတစ်ယောက် တိုးတက်ရာတိုးတက်ကြောင်း အချင်းချင်းမျှဝေ ကူညီပြီးလက်တွဲခေါ်ခြင်းက ဘဝမှာစစ်မှန်တဲ့ မိတ်ဆွေပါ။

ဒီလိုမှမဟုတ်ပဲ ကိုယ့်အပေါ် သစ္စာဖောက်ဖို့ ကိုယ့်အပေါ် ကျော်ဖို့ခွဖို့ ဝန်မလေးတက်သူတစ်ယောက်ဆိုရင်တော့ လုံးဝကိုအပေါင်းအသင်း အဆက်အဆံ မလုပ်သင့်ပါဘူး။