သင်အကြိုက်ဆုံး အနှစ်သက်ဆုံးအရောင်က ဘာပါလဲ။ အဲဒီအရောင်တွေက သင့်ရဲ့ စိတ်တွေ၊ သင့်အကြောင်းတွေကို ဖော်ပြနေပါတယ်။

ဒီတခါပြောပြမယ့် အရောင်တွေကပြောတဲ့ သင့်အကြောင်းမှာတော့ အရောင်တွေ သိပ်မစုံပေမယ့် လူကြိုက်များတတ်တဲ့အရောင်တွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းရောင်

ပန်းရောင်ကတော့ လူငယ်ဆန်ခြင်း သွက်လက်ခြင်းကို ပုံဆောင်ပါတယ်။ သင်ဟာ ချစ်စရာကောင်းပြီး အေးဆေးတဲ့သူဖြစ်တယ်။ မိန်းမဆန်ပြီး စွန်းချစ်စရာကောင်းသူတွေပါ။ တခြားသူတွေရဲ့ စိတ်ဝင်စားမှု ဂရုစိုက်မှုကိုလည်း လိုချင်သူဖြစ်ပါတယ်။

အဝါရောင်

အဝါရောင်က ၂၀၁၈ မှာ ခေတ်စားနေတဲ့ အရောင်လည်းဖြစ်ပါတယ်။ အဝါရောင်ကိုဝတ်ဆင်သူတွေကတော့ ပျော်ရွှင်တတ်တယ်၊ နွေးထွေးကြင်နာတတ်သူတွေ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းရဲ့ သင်္ကေတလည်းဖြစ်ပါတယ်။ အဝါရောင်ကတော့ ပျော်ရွှင်ခြင်း ရယ်မောစရာကောင်းခြင်း အခိုက်အတန့်ကို ပုံဆောင်လို့ အဝါရောင်ကြိုက်သူတွေက ပျော်ရွှင်ခြင်း ရယ်မောခြင်းကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ စိတ်ကြည်လင် အေးချမ်းတဲ့ ခံစားချက်ကိုလည်း ရရှိနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ခရမ်းရောင်

ခရမ်းရောင်ကိုကြိုက်သူတွေကတော့ တီထွင်ကြံဆမှုဉာဏ်ရှိတယ်။ စိတ်ကူးအိပ်မက်တွေရှိတယ်။ ကြွယ်ဝချမ်းသာမှု၊ အထက်တန်းကျမှု၊ လေးစားမှုတွေနဲ့ ပြည့်နှကနေသူပါ။ သင်ဟာ ထက်မြတ်သူဖြစ်တယ်။ မာနရှိတယ်။ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သူဖြစ်ပါတယ်။

အနီရောင်

အနီရောင်ကို နှစ်သက်သူတွေက စိတ်အားထက်သန်မှုရှိသူ ချစ်တတ်သူ ဖြစ်ပါတယ်။ သွေးကို ကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး အနီရောင်ဟာ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ခွန်အားနဲ့ ကျော်လွှားမယ်လို့ အဓိပ္ပာယ်ရပါတယ်။ သင်ဟာ ဒေါသကို တတ်နိုင်သလောက် ထိန်းချုပ်မယ်ဆိုရင် အောင်မြင်မှုကိုရရှိမှာပါ။

လိမ္မော်ရောင်

လိမ္မော်ရောင်ကို ဝတ်ဆင်တဲ့သူဟာ တီထွင်ကြံဆနိုင်စွမ်းရှိပြီး စိတ်ကူးစိတ်သန်းကောင်းသူတွေဖြစ်ပါတယ်။ လိမ္မော်ရောင်က သင့်အတွက်အကောင်းဆုံးကို ယူဆောင်လာပေးမှာပါ။ စိတ်ကိုကြည်လင်စေပြီး အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်။

အနက်ရောင်

လူတွေ စိတ်မပျော်ရွှင်တဲ့အခါမှာ ဝတ်ဆင်လေ့ရှိတဲ့အရောင်ဖြစ်ပေမယ့် သင့်ရဲ့ စွမ်းအားပြည့်ဝမှုကိုလည်း ဖော်ပြနေတဲ့အရောင်ဖြစ်ပါတယ်။ သင်ဟာလှပပြီး ဉာဏ်ရည်ထက်မြက်တယ်လို့လည်း အနက်ရောင်က ဖော်ပြနေပါတယ်နော်။

Photo: www.blushybabe.com