ဟယ်လို..MyStyle Myanmar က ကောင်လေး ကောင်မလေးတွေရေ…ယူတို့ဒိတ်လုပ်တဲ့အခါတွေမှာ ဘယ်နေရာတွေကိုသွားလေ့ရှိကြလဲ။ ဆိုရှယ်မီဒီယာ သုံးကြတဲ့လူငယ်တွေအတွက်ကတော့ ဒိတ်လုပ်ချင်စရာနေရာတွေကို တော်တော်များများ သိထားကြမှာပါ။ ဒါပေမဲ့ အဲ့ဒီနေရာတွေအများကြီးထဲကမှ သင့်ရဲ့Zodiac Sign တွေပေါ်မူတည်ပြီး သင့် Personality နဲ့ကိုက်ညီမယ့် ဒိတ်လုပ်သင့်တဲ့နေရာလေးတွေ အလင်းပြပေးလိုက်ပါတယ်နော်။

Pisces

Pisces ရာသီခွင်တွေဟာ အချိန်ဖြုန်းရတာကိုနှစ်သက်တတ်လို့ Movie ဒိတ်ကို တစ်နေ့လုံးလုပ်တာမျိုး စမ်းကြည့်သင့်ပါတယ်။ တစ်ရုံပြီးတစ်ရုံ တစ်ကားပြီးတစ်ကား လိုက်ကြည့်တာမျိုးပေါ့နော်။

Aquarius

ဒီရာသီခွင်ဖွားတွေဟာ အံ့သြသင့်ဖွယ် အသစ်အဆန်းတွေကိုသာ ကြိုက်နှစ်သက်လို့ တစ်နှစ်တစ်ခါမှလာတဲ့ပွဲမျိုးတွေ ဒါမှမဟုတ် EDM Concert တွေ Club ကိုလာတဲ့ နာမည်ကြီး DJ ပွဲတွေစတဲ့နေရာတွေမှာ ဒိတ်သင့်ပါတယ်။

Capricorn

Capricorn တွေဟာ ပါးနပ်ပြီး Nerdတွေဖြစ်လို့ Museum တွေ အမွေအနှစ်ပြပွဲတွေ ပန်းချီပြခန်းတွေ စတဲ့နေရာတွေမှာပဲ ဒိတ်လုပ်လေ့ရှိကြပါတယ်။

Sagittarius

Sagittarius ရာသီခွင်တွေဟာ Classicဆန်ဆန်နဲ့ ဘဝင်နည်းနည်းမြင့်တဲ့ သဘာဝရှိတာမို့ Music Concert တွေသွားကြည့်တာမျိုးတို့ Fine Dining စားတာမျိုးစတဲ့ အထက်တန်းလွှာကျကျ ဒိတ်တာမျိုးကိုပဲ့ နှစ်သက်တတ်ကြပါတယ်။

Scorpio

Scorpio တွေဟာ ဘဝကို အလေးအနက်ထားပြီး ကိုယ့်အတွက် အကျိုးဖြစ်စေမယ့်အရာတွေအပေါ်ပဲ အာရုံထားတတ်တာမို့ ဗဟုသုတရမယ့်နေရာတွေ အတူတူတွဲသွားတာမျိုး Fan Convention တွေ ပရဟိတအနေနဲ့ သွားကူပေးတာမျိုးတွေ လုပ်သင့်ပါတယ်။

Libra

Libra ရာသီဖွားတွေဟာ ယောကျ်ားလေးတွေနဲ့ သဟဇာတဖြစ်အောင် နေတတ်တဲ့ သဘာဝရှိပြီး သည်းထိတ်ရင်ဖိုတွေကို သဘောကျတတ်တာမို့ ဒိတ်သင့်တဲ့နေရာတွေဟာ Skydiving တို့ ဂိမ်းကစားသင့်တဲ့နေရာ တွေမှာ ဒိတ်သင့်ဆုံးပါ။

Source: AllWomenStalk