အထာကျကျဝတ်လေ့ရှိတဲ့ ကောင်မလေးတွေအတွက် လူငယ်စတိုင်လ် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ အခုနောက်ပိုင်း ခေတ်စားတဲ့ ပို့စ်အိုင်ဒီယာလေးတွေ ဖြစ်သလို လူငယ်ကောင်မလေးတွေနဲ့လည်း လိုက်ဖက်တဲ့ ပို့စ်ပေးနည်းတွေ ဖြစ်ပါတယ်။

ဒီပို့စ်လေးဆိုရင် ကျကျနနထိုင်ပြီး ပို့စ်ပေးနေတာမျိုးမဟုတ်ပဲ ဆန်းပါတယ်။ မျက်နှာထားက ပြုံးပြီးမနေပဲ ဒီအတိုင်းလေးသာ Try ကြည့်ပါ။

ဒီပို့စ်လေးကျတော့ ချစ်ဖို့ကောင်းသလို အထာလည်းကျတဲ့ ပို့စ်ပေးနည်းမျိုးပါ။ လူငယ်ကောင်မလေးတွေ လူငယ်စတိုင်လ်လေး ဖြစ်နေစေပါတယ်။

ဒီလိုထိုင်တဲ့ပို့စ်ပေးနည်းမျိုးက Insta Look လေးပါ။ မိုက်လည်းမိုက်သလို ဆန်းလည်းဆန်းပါတယ်။

ဒါကတော့ အထာကျကျလေး ဝတ်လေ့ရှိတဲ့ ကောင်မလေးတွေအတွက် အထာကျပြီး လူငယ်ဆန်စေမယ့် ပို့စ်ပေးနည်းပါပဲ။

ပေါ့ပါးလွတ်လပ်တဲ့စတိုင်လ်လေး ဝတ်ထားပြီး ပေါ့ပါးမှုရှိတဲ့ Freedom ပုံစံ ပို့စ်ပေးနည်းလေးပါ။ ချစ်ဖို့လည်းကောင်းသလို လူငယ်စတိုင်လ်လေးလည်း ဖြစ်ပါတယ်။

ထိုင်တဲ့ပုံစံ၊ လက်နှစ်ဖက်ကို ထားတဲ့ပုံစံနဲ့ မျက်နှာထားကအစ အသက်ပါပဲ။ ဆွဲဆောင်မှုလည်းရှိသလို ချစ်ဖို့လည်းကောင်း၊ လူငယ်လည်းဆန်တဲ့ ပို့စ်ဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်။

Mirror Selfie ရိုက်ရတာ ပို့စ်တွေထပ်လာရင် ဒီလိုလေးရိုက်ကြည့်ပါ။ အထာကျပြီးလှပါတယ်။

ဒီ Mirror Selfie ရိုက်တဲ့ ပို့စ်လေးကတော့ လူငယ်ဆန်ပြီး စတိုင်လ်ကျကျလေးဖြစ်ကာ ဆန်းသစ်တဲ့ပို့စ်လေးပါပဲ။

နောက်ပိုင်းမှာ ဘောင်းဘီရှည်နဲ့ Boots အမဲလေးတွေစီးတာက အရမ်းခေတ်စားလာသလို အဲ့ဒီလေးဝတ်ထားရင် ဒီလိုပို့စ်လေးနဲ့ ရိုက်တာမျိုးကလည်း ခေတ်စားလာမှာပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ဖက်ရှင်လည်းကျစေပါတယ်။

Photo source:www.pinterest.com