လူငယ်ကောင်မလေးတွေအနေနဲ့ ခြေသည်းနီဆိုးမယ်ဆိုရင် ဆန်းတဲ့ color လေးတွေ၊ လူငယ်ဆန်စေမယ့် color လေးတွေကို ရွေးချယ်သင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေအနေနဲ့ ရွေးချယ်သင့်တဲ့ gel color လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Cat eye ဆိုးမယ်ဆိုရင်လည်း ဆိုးနေကျဖြစ်တဲ့ color တွေကိုမရွေးပဲနဲ့ ဒီလို color မျိုးကို ရွေးချယ်သင့်ပါတယ်။ ဘိုဆန်ပြီး အရမ်းလည်းလှသလို ရှားတဲ့ color လေးလည်းဖြစ်ပါတယ်။

တစ်ရောင်ထဲလည်းမဆိုးချင်ဘူး ဒီဇိုင်းပုံဖော်တာတွေလည်း မလုပ်ချင်ဘူးဆိုရင် ဒီလို color စပ်ဒီဇိုင်းလေးကို ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီးလှပါတယ်။

Gel color ဆိုးမယ်ဆိုရင် ဒီလိုအရောင်လေးက အရမ်းလှပါတယ်။ အသားဆောင်ပြီး လူငယ်ဆန်ပါတယ်။

Color ဆန်းတာမျိုးဆိုးချင်တယ်ဆိုရင် ဒီ color လေးလည်း ဆိုးကြည့်ပါ။ Fashion ကျပြီးလှတဲ့ပုံစံလေး ဖြစ်ပါတယ်။ အမဲဖောက်ဆိုးလည်း အရမ်းလှတယ်နော်။

အရောင်တောက်တောက်လေးတွေ ကြိုက်တယ်ဆိုရင် ဒီလိုအနီရဲရဲလေးကို ရွေးဆိုးပါ။ Gel color ကို အနီရဲရဲလေးဆိုးရင် အရမ်းလှပါတယ်။ လူငယ်လည်းဆန်တဲ့အနီလေးပါ။

Gel color ဆိုးတဲ့အခါ ဗြောင်လည်းမဆိုးချင်ဘူး အရောင်ငြိမ်တာမျိုးလည်း ကြိုက်တယ်ဆိုရင် ဒီခြေသည်း color လေးအတိုင်းသာ ဆိုးကြည့်လိုက်ပါ။ အရမ်းလှပါတယ်။

လူငယ်ဆန်ပြီးလှတဲ့အရောင်လေးပါ။ ဒီ color က gel ဆိုးရင် အရမ်းလှတဲ့အပြင် လူငယ်လည်းဆန်ပါတယ်။ အဝါဆိုပေမယ့် အသားမဲမသွားစေပဲ အသားဆောင်တာပါ။

အရောင်ရင့်တာတွေကြိုက်တယ်ဆိုရင် gel color ဆိုးတဲ့အခါ နက်ပြာရောင်ကို ရွေးဆိုးပါ။ အနက်ရောင်ထက်ပိုပြီးတော့ စိုပြီးလှပါတယ်။

နောက်ပိုင်းမှာတော့ လူငယ်ကောင်မလေးတွေက ခြေသည်းနီဗြောင်ဆိုးရင် အဖြူဘက်သွားတဲ့ color လေးတွေကိုလည်း ဆိုးလာကြပါတယ်။ ခြေထောက်လေး ပိုသန့်သွားသလိုဖြစ်စေတာကြောင့် အရမ်းလှပါတယ်။ ငွေရောင်ကို နှစ်ချောင်းလောက်ဖောက်ဆိုးမယ်ဆိုလည်း လှပါတယ်။

ပန်းရောင်၊ ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီးလှတဲ့ အရောင်ပြေး color လေးဖြစ်ပါတယ်။ မြင်နေကျနဲ့မတူပဲဆန်းတဲ့ color လေးဖြစ်လို့ အရောင်နုတာလေးတွေကြိုက်ရင် ဆိုးကြည့်နော်။