ကိုယ်တိုင်ခံစားပြီး ရေးစပ်သီဆိုထားတဲ့ အသည်းကွဲသီချင်းကောင်းတွေနဲ့ လူသိများလာတဲ့ အမေရိကန်အဆိုတော်မလေး Olivia Rodrigo ကိုတော့ လူငယ်ပရိသတ်တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ နာမည်အပြည့်အစုံ Olivia Isabel Rodrigo ဖြစ်ပြီး Olivia အနေနဲ့လူသိများပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ သူမဟာ အရွယ်လေးနဲ့မလိုက်အောင် အရည်အချင်းရှိသူဖြစ်ပြီး လက်ရှိမှာ အမြင့်ဆုံးဂီတဆုဖြစ်တဲ့ ဂရမ်မီဆုကြီး သုံးဆုအထိ ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

အသံကောင်းရုံတင်မကဘဲ မျက်နှာလှလှလေးကိုပါ ပိုင်ဆိုင်ထားတဲ့သူမဟာ အသားအရေနဲ့ ပက်သက်ပြီးတော့လည်း ပုံမှန်ဂရုစိုက်ပေးတတ်တဲ့သူဖြစ်ပါတယ်။ ကိုယ်တိုင်က ဝက်ခြံ Breakout ဖြစ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်ဖြစ်တာမို့ မိတ်ကပ်ကို ထူနေအောင်မလိမ်းဘဲ သဘာဝဆန်ဆန် ခပ်ပါးပါးသာလိမ်းပြီး Skincare ပုံမှန်လုပ်ပေးလေ့ရှိတယ်လို့ အလှအပအင်တာဗျူး တစ်ခုမှာပြောပြခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ Olivia လို လူငယ်ကောင်မလေးတွေ လိုက်လုပ်လို့ရမယ့် သူမရဲ့ အလှအပထိန်းသိမ်းနည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Olivia ဟာ မနက်နိုးတာနဲ့ ဆံသားကျန်းမာရေးအတွက် Hair ဗီတာမင်ကို အရင်ဆုံး သောက်လေ့ရှိသူ ဖြစ်ပါတယ်။

T Zone နဲ့ ပါးစပ်နားတစ်ဝိုက်မှာ ဝက်ခြံအထွက်များတဲ့သူဖြစ်တာမို့ ပြန်လည်သက်သာဖို့ Skincare အဆင့်မျိုးစုံလုပ်နေတာထက် အရေးအကြီးဆုံး Cleansing အဆင့်ကို အဓိကထားပြီး မျက်နှာသေချာသန့်စင်တဲ့ အကျင့်လုပ်ထားတယ်လို့ ပြောပြခဲ့ပါတယ်။

မျက်နှာသစ်ပြီးနောက် သူမပုံမှန်လုပ်တတ်တာကတော့ Serum တစ်မျိုးကို အသားထဲစိမ့်ဝင်အောင် လိမ်းပေးတာပါ။

မျက်နှာဖောင်းအစ်တာတွေ သက်သာပြီး အရေပြားထဲသွေးလည်ပတ်မှုကောင်းစေဖို့ Gua Sha သုံးပြီး Massage ပုံမှန်လုပ်ပေးတတ်တယ်လို့လည်း ဆိုပါတယ်။

သူမဟာ နှုတ်ခမ်းခြောက်တတ်သူမို့ နှုတ်ခမ်းစိုစိုလေးပြန်ရဖို့ ပုံမှန် Scrub လုပ်ပေးလေ့ရှိပါတယ်။Scrub လုပ်ရာမှာ သကြား၊ သံပယိုသီးစတဲ့ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Scrub ကိုသာသုံးလေ့ရှိသူပါ။ Scrub လုပ်ပြီးချိန်မှာတော့ Lip Balm လေးပြန်လိမ်းပေးဖို့လိုတယ်လို့ သူမက ပြောပြပါတယ်။

ဒါကတော့ Olivia ကိုယ်တိုင်လုပ်တတ်တဲ့ အရမ်းလည်းလွယ်တဲ့ Skincare အဆင့်လေးတွေပါ။ ဒါတွေပြီးတဲ့အခါ Tinted Moisturizer လေးစလိမ်းပြီး သဘာဝဆန်ဆန် Glow နေတဲ့ Look လေးရအောင် မိတ်ကပ်လိမ်းလေ့ရှိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ မိတ်ကပ်လိမ်းပြီးချိန်မှာ ဆံပင်စေးကပ်နေတာမျိုးမဖြစ်အောင် Dry Shampoo လေးသုံးပြီး Hair Oil လေး ပွတ်ပေးတတ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

Source: Youtube

By MyStyle Myanmar