တီရှပ်အပွလေးတွေက ဘယ်အချိန်ဝတ်ဝတ် ရိုးမသွားပဲ ချစ်ဖို့ကောင်းစေပါတယ်။ ဘာနဲ့တွဲဝတ်ဝတ်လည်း လိုက်ဖက်တာများပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ တီရှပ်အပွလေးတွေနဲ့ လွတ်လပ်ပေါ့ပါးမှုရှိစေမယ့် လူငယ်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။
တီရှပ်အပွလေးတွေကို ဒီလိုမျိုးလေးဝတ်ပြီး Sneakers စီးတာမျိုးက ချစ်ဖို့ကောင်းပါတယ်။ Boots လေးစီးမယ်ဆိုရင်တော့ အထာကျကျနဲ့ မိုက်တဲ့ဖက်ရှင်လေး ဖြစ်နေမှာပါ။
တီရှပ်အပွကို တင်းနစ်စကပ်လေးတွေနဲ့ တွဲဝတ်တာမျိုးက လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါ။
တီရှပ်အပွကို ဂျင်းစကပ်လေးတွေနဲ့ တွဲဝတ်တာမျိုးကလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လူငယ်ဖက်ရှင်လေးပါပဲ။ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။
ဒီလိုဂျင်းဘောင်းဘီအရှည်ကို တီရှပ်အပွနဲ့တွဲဝတ်ပြီး Sneakers လေးစီးတာမျိုးကလည်း ရိုးရိုးလေးနဲ့ လွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်လေးပါ။
တီရှပ်အပွကို စကပ်အမဲလေးတွေနဲ့ ဒီလိုတွဲဝတ်တာမျိုးက လွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းတဲ့ လူငယ်ဖက်ရှင်လေး ဖြစ်ပါတယ်။
အခုခေတ်စားနေတဲ့ ဒီလိုစကပ်ဒီဇိုင်းအဆန်းလေးတွေကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင်လည်း တီရှပ်အပွနဲ့သာ တွဲဝတ်လိုက်ပါ။
တီရှပ်အပွကို ဒီလိုဘောင်းဘီအရှည်အပွနဲ့ တွဲဝတ်တာလည်း လူငယ်ကောင်မလေးတွေ ဝတ်နေကျဖက်ရှင်လေးပါပဲ။ ဒီဖက်ရှင်လေးဝတ်မယ်ဆိုရင်တော့ Sneakers လေးစီးပါ။
တီရှပ်အပွကိုမှ အရောင်တောက်တာလေးတွေကို ဘောင်းဘီအဖြူနဲ့ တွဲဝတ်ကြည့်ပါ။ ထင်းပြီးလှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။
တီရှပ်အပွကို ဘောင်းဘီအတို ဘယ်လိုဒီဇိုင်းမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ Freestyle ပုံလေးနဲ့ ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။
တီရှပ်အပွကို ဒီလိုလေးလည်း ချစ်ဖို့ကောင်းအောင်လည်း ဝတ်လို့ရပါသေးတယ်။ လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။
အထာကျကျလေးနဲ့ လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်လေး ဝတ်ချင်ရင်တော့ တီရှပ်အပွကို Biker Pant နဲ့တွဲဝတ်ပြီး Sneakers စီးပါ။
Photo source:www.pinterest.com