ပိန်ပိန်ရှည်ရှည် Slim Girl လေးတွေအတွက် ဒီတစ်ခါမှာတော့ လူငယ်ဆန်ပြီး အထာကျစေမယ့် ဖက်ရှင်စတိုင်လ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဒီဖက်ရှင်လေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို အထာကျကျနဲ့ ဖက်ရှင်ကျစေပါတယ်။ ဖိနပ်ကအသက်ပါပဲ။
လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ အထာကျပြီးမိုက်နေစေမယ့် ဖက်ရှင်စတိုင်လ်လေးပါ။ ပိန်ပိန်ရှည်ရှည် Slim လေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။
Body Fit Dress လေးတွေဆိုလည်း ပိန်ပိန်ရှည်ရှည် Slim လေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။ ပိုပြီး အထာကျကျနဲ့ ဆွဲဆောင်မှုရှိအောင် ဒီလိုလေး ဝတ်ကြည့်ပါ။
Midi Skirt လေးနဲ့ ဒီလိုစတိုင်လ်လေးဝတ်တာလည်း Slim လေးတွေ၊ ပိန်ပိန်ရှည်ရှည်လေးတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပါပဲ။
ဂျင်းကုတ်နဲ့ ဒီလိုအထာကျကျလေးဝတ်တာလည်း ပိန်ပိန်ရှည်ရှည် Slim လေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Boots အရှည်လေးတွေစီးလိုက်ရင်တော့ လုံးဝကို Perfect ဖြစ်ပြီးမိုက်နေမှာ သေချာပါတယ်။
Boots အရှည်ကို ဒီလိုကုတ်ဖက်ရှင်နဲ့ တွဲဝတ်တာမျိုးက အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ဆို အထာကျပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးပါ။
ပိန်ပိန်ရှည်ရှည် Slim လေးတွေက ဘောင်းဘီအရှည်ဝတ်မယ်ဆိုရင် ဒီလိုဘောင်းဘီလေးတွေကိုဝတ်ပြီး Boots အရှည်စီးကြည့်ပါ။ ဖက်ရှင်ကျပြီး အရမ်းမိုက်ပါတယ်။
အခုနောက်ပိုင်းခေတ်စားတဲ့ Cargo Pant တွေဆိုလည်း ပိန်ပိန်ရှည်ရှည် Slim လေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပါပဲ။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်လေးနဲ့ အထာကျပြီးမိုက်ပါတယ်။
Mini Skirt လေးတွေဝတ်တဲ့အခါ အရှပ်ရှည်နေတော့ ဒေါက်ဖိနပ်မစီးချင်ဘူးဆိုရင် Boots အရှည်လေးစီးပြီး ဒီလိုဝတ်ကြည့်ပါ။
ကိုရီးယားမလေးတွေ၊ တရုတ်မလေးတွေ ဝတ်လေ့ရှိတဲ့ ဒီဖက်ရှင်စတိုင်လ်လေးဆိုရင်လည်း ပိန်ပိန်ရှည်ရှည် Slim လေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပါပဲ။ ဒါကြောင့် Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။
Photo source:www.pinterest.com