လူငယ်ကောင်မလေးတွေအတွက် Makeup ပြင်တဲ့အခါမှာ လူငယ်ဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းနေစေမယ့် Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Foundation သေချာလိမ်းပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါ အရောင်က အနက်ရောင်သုံးပြီးမဆွဲပါနဲ့။ သဘာဝဆန်တဲ့ Look လေးပဲ ဆွဲပါမယ်။

အဖြူရောင် Eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။

ပန်းရောင်ဘက်သွားတဲ့ Eyeshadow အရောင်နုနုလေးကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ မျက်လုံေးအာက်နားလေးကိုလည်း ခြယ်ပါမယ်။

ခဲရောင် Eyeshadow ကို မျက်ခွံထောင့်အလယ်နားလောက်က စခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုပါ ပုံမှာခြယ်ပြထားသလို ခြယ်ပေးပါ။

ခဲရောင်အရင့် Eyeshadow ကို မျက်ရစ်နေရာလေးမှာ ပုံမှာခြယ်ပြထားသလို ခြယ်ပေးပါ။

Eyeliner ကို အညိုရောင်သုံးပါမယ်။ တစ်ချောင်းထဲ ပါးပါးလေးဆွဲပေးပါ။

Eye Look လေး ပိုလှသွားအောင် မျက်တောင်တုတပ်ပါမယ်။ တစ်ချောင်းချင်းစီ တပ်ရတာမျိုးကို သုံးပါမယ်။ ဒါကပိုပြီးတော့ Natural ဆန်ပါတယ်။

ပြီးရင် Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အောက်မျက်တောင်လေးတွေကိုပါ ရှည်ထွက်လာအောင် သေချာကော့ပေးပါ။

Glitter Eyeshadow ကို ပန်းရောင် (သို့) Rosegold အရောင်လေးသုံးပြီး မျက်လုံးအောက်နားလေးကို ခြယ်ပေးပါ။

ရွှေရောင်ဘက်သွားတဲ့ Glitter Eyeshadow ကို လက်နဲ့ပဲယူပြီး မျက်ခွံနေရာလေးတွေမှာ နည်းနည်းစီခြယ်ပေးပါ။

Eye Look ပိုလှချင်ရင် မျက်ကပ်မှန်လှလှလေးတပ်ပါ။

နှာတံဖော်ပြီး မေးရိုးနည်းနည်းချပါမယ်။

ပါးနီကို ပန်းရောင်ဖျော့ဖျော့လေး ခြယ်ပါမယ်။ နှာတံနေရာလေးကို Highlighter သုံးပါမယ်။ Glow ချင်ရင် ပါးမို့နေရာလေးတွေကိုလည်း သုံးနိုင်ပါတယ်။

နှုတ်ခမ်းနီကို ပန်းရောင်လေးပဲ ဆိုးပါမယ်။

နောက်ဆုံးမှာတော့ Powder Pact လေး လိမ်းလိုက်ပါမယ်။

ဒါဆိုရင်တော့ လူငယ်ဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ Makeup Look လေးကို ရရှိသွားပါပြီ။