လက်သည်းအရှည်ကိုမှ Almond Shape ထားတဲ့သူတွေအတွက် လူငယ်ဆန်ပြီး လှပတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ 2024 မှာ ခေတ်စားနေတဲ့ ဒီဇိုင်းဆန်းတာလေးတွေလည်း ပါတာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။

ပင်လယ်ပုံစံ အပြာရောင်နဲ့ ရေသူမအမြှီးလေးတွေကို ပုံဖော်ထားတာက အသက်ပါပဲ။ ဒီဇိုင်းဆန်းပြီး အရမ်းလှတာကြောင့် ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

2024 မှာ Ribbon လက်သည်းဒီဇိုင်းလေးတွေက ခေတ်စားနေတာပါ။ ဒီမှာတော့ Ribbon ဒီဇိုင်းသီးသန့်မဟုတ်ပဲ ချယ်ရီသီးလေးတွေ၊ ကျောက်လေးတွေပါ ကပ်ထားတာဖြစ်လို့ ပိုပြီးတော့ ဒီဇိုင်းဆန်းပြီး လူငယ်ဆန်ဆန်နဲ့ လှသွားစေပါတယ်။

ခရမ်းရောင်ကြိုက်တဲ့သူတွေ ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူငယ်ဆန်သလို မိန်းကလေးလည်းဆန်ပြီး လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။

လိပ်ပြာပုံစံလေးကိုမှ ဒီဇိုင်းဆန်းပြီး ပိုလှသွားအောင် ပုံဖော်ထားတာပါ။ Almond Shape လက်သည်းအရှည်တွေနဲ့ဆို အရမ်းလှတဲ့ ဒီဇိုင်းလေးပါပဲ။

အပြာရောင်ကြိုက်တဲ့သူတွေ ပုံဖော်သင့်တဲ့ နောက်ထပ် အရမ်းလှတဲ့ လက်သသည်းဒီဇိုင်းလေးပါ။ ဒီလိုလက်သည်းဒီဇိုင်းလေးက ဘယ်တော့မှလည်း ရိုးမသွားစေပါဘူး။

2024 မှာခေတ်စားနေတဲ့ Ribbon လက်သည်းဒီဇိုင်းကိုမှ အမြင်ဆန်းပြီး လူငယ်ပိုဆန်သွားအောင် ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အဖြူရောင်ဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းပြီးလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

အရမ်းလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ Almond Shape လက်သည်းအရှည်လေးတွေနဲ့မှ ပိုပြီးလိုက်ဖက်တာကြောင့် ပုံဖော်ကြည့်နော်။

ဒါလေးကလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ရှင်းရှင်းလေးနဲ့ဆန်းပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးပဲပုံဖော်မယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။

အဖြူရောင်ဆိုးတဲ့အခါမှာ ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးနဲ့ ဆန်းပြီးအရမ်းလှပါတယ်။