ဆံပင်ပုံစံက လူတစ်ယောက်ရဲ့ မျက်နှာကို ပြောင်းလဲသွားစေပါတယ်။ ဆယ်ကျော်သက်နဲ့ ၂၀ ကျော်လေးတွေကတော့ ဆံပင်ပုံစံအကုန်လုံးနဲ့ အဆင်ပြေတာပါပဲ။ အသက် ၃၀ ကျော်လာရင်တော့ နုပျိုပြီး လှပစေမယ့် ဆံပင်ပုံစံလေးတွေကို ရွေးထားသင့်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအတွက် နုပျိုပြီးလှပနေစေမယ့် ဆံပင်စတိုင်လ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အတိုညှပ်မယ်ဆိုရင် ဒီလိုပုံစံလေးတွေ ညှပ်ကြည့်ပါ။ ပုံမသွင်းချင်ရင် ဒီလိုပုံစံလေးရအောင် digital perm လုပ်လို့ရပါတယ်။ အရောင်ဆိုးရတာကြိုက်ရင် အညိုဖျော့လေးဆိုးကြည့်ပါ။ မျက်နှာလေးလင်းပြီး နုပျိုသွားစေမှာ သေချာပါတယ်။

ဒီဆံပင်စတိုင်လ်လေးဆိုလည်း အရမ်းလှပါတယ်။ ဆံပင်အမဲလေးနဲ့လည်း ရုပ်မရင့်ပဲ နုပျိုပြီးလှနေစေမယ့် ဆံပင်စတိုင်လ်လေးပါ။

ဒီဆံပင်စတိုင်လ်လေးတွေဆိုရင် ကိုရီးယားဆန်ပြီး အရမ်းလှပါတယ်။ မျက်နှာလေးလည်း ပိုနုပျိုပြီး လှသွားသေချာပါတယ်။ ဆံပင်ပုံစံပြောင်းဖို့ စဉ်းစားထားရင် ဒီဆံပင်စတိုင်လ်လေးတွေကို ရွေးချယ်သင့်ပါတယ်။

ဆံပင်အတိုလေးညှပ်ချပစ်မယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်လေးက ကိုရီးယားဆန်ပြီး မိုက်လည်းမိုက်သလို၊ နုပျိုလန်းဆန်းပြီး လှနေမယ့် ပုံစံလေးပါ။

ရိုးရိုးလေးနဲ့ နုပျိုပြီး ချစ်ဖို့ကောင်းတာမျိုးဆိုရင်တော့ ဒီဆံပင်စတိုင်လ်လေးကိုသာ ရွေးချယ်ပါ။

ဆံပင်ကို ပြေပြေလေးကောက်ချင်တယ်ဆိုရင် ဒီလိုပုံစံလေးတွေကောက်ဖို့ highly recommend ပေးပါတယ်။ အရမ်းလှတဲ့ ဆံပင်စတိုင်လ်လေးတွေပါ။ အရောင်မဆိုးပဲ ဆံပင်အမဲနဲ့တောင် လှနေမှာပါ။ အသက် ၃၀ ကျော်တွေနဲ့လည်း အရမ်းလိုက်ပါတယ်။

ကိုရီးယားစတိုင်လ်လေးဆိုရင် ဒီလိုအကောက်လေးတွေလည်း လှပါတယ်။ အမြင်တစ်မျိုးဆန်းပြီး လှတာပေါ့။ အသက် ၃၀ ကျော်တွေနဲ့ နုပျိုပြီးလှနေမယ့် ပုံစံလေးတွေပါ။

ဆံပင်အတိုကိုမှ ဒီလိုစတိုင်လ်လေး digital perm လုပ်တာလည်း နုပျိုပြီးလှပါတယ်။ ဆံပင်အုံထူရင် ဒီလိုလေးလုပ်ကြည့်ပါ။

မျက်နှာသေးသွယ်ရင် ဒီလိုဆံပင်စတိုင်လ်လေးနဲ့ အရမ်းလိုက်ပါတယ်။ နုပျိုလန်းဆန်းပြီး လှနေမယ့် ဆံပင်စတိုင်လ်လေးပါ။

Photo source:www.pinterest.com