မျက်နှာကို Scrub (သို့) Exfoliate လုပ်ပေးတာက ကောင်းပါတယ်။ မျက်နှာမှာရှိတဲ့ ဆဲလ်သေတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေဖြစ်ပေါ်စေတယ်။ ကိုယ့်လိမ်းတဲ့ Skincare effect လည်း ပိုပြီးထိရောက်စေပါတယ်။ ပုံမှန်လုပ်ပေးသွားရင် မျက်နှာအသားအရေလည်း ပိုပြီးကြည်လာစေတယ်။ အဆီဖု၊ ဝက်ခြံတွေ နည်းနည်းသက်သာစေပါတယ်။

ဒါပေမယ့် မျက်နှာကို Scrub (သို့) Exfoliate လုပ်တာဟာ တစ်ပတ်မှာ ၁ကြိမ် (သို့) ၂ ကြိမ်ပဲ လုပ်ပေးရမှာပါ။ အဲ့ထက်ပိုပြီး ခဏခဏလုပ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အသားအရေမှာ ဒီလိုအရာတွေဖြစ်လာနိုင်ပါတယ်။

ဝက်ခြံတွေပေါက်လာမယ်

မျက်နှာကို Scrub (သို့) Exfoliate လုပ်ပေးတာက ဝက်ခြံနဲ့အဆီဖုတွေ သက်သာစေတယ်ဆိုပေမယ့် ခဏခဏလုပ်မယ်ဆိုရင်တော့ မျက်နှာမှာရှိသင့်တဲ့ Natural oil တွေဆုံးရှုံးပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

နေလောင်လွယ်မယ်

မျက်နှာကို Scrub (သို့) Exfoliate ခဏခဏလုပ်တဲ့အခါမှာ မျက်နှာအသားအရေက အရမ်းကိုနူးညံ့ပြီး Senstitive ဖြစ်လွယ်လာပါမယ်။ နေလောင်လွယ်လာမယ်။ Sunscreen သာမလိမ်းမိရင်တော့ တင်းတိတ်နဲ့ အမဲစက်တွေပါ ဖြစ်လာနိုင်ပါတယ်။

ချွေးပေါက်တွေကျယ်လာမယ်

မျက်နှာကို Scrub (သို့) Exfoliate ခဏခဏလုပ်မယ်ဆိုရင် မျက်နှာမှာ ချွေးပေါက်တွေကျယ်လာပါလိမ့်မယ်။ ချွေးပေါက်ကျယ်ရင် ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးကတော့ အဆီတွေအရမ်းပြန်လာမှာပါ။ ဆောင်းတွင်းလိုရာသီဥတုမျိုးမှာကျတော့ အသားအရမ်းခြောက်ပြီး နှာခေါင်းပဲကွက်ပြီး အဆီပြန်တာ၊ နှာခေါင်းမှာပဲ ချွေးပေါက်တွေကျယ်ပြီး ဆားဝက်ခြံထွက်တာတွေ ဖြစ်ပါတယ်။