ချစ်သူတွေတကယ်ရည်ရွယ်ထားပြီး လက်တွဲလာတဲ့အချိန်မှာ မိဘအသိုင်းအဝိုင်းတွေနဲ့လည်း ပေးတွေ့ရမယ်ဆိုတာမျိုးတွေလည်း ရှိလာပါတယ်။ ကိုယ်ချစ်ရတဲ့သူကို ကိုယ့်မိဘတွေနဲ့ ပေးတွေ့သင့်တဲ့အချိန်ဆိုတာလည်း သက်သက်ရှိပြီးသားပါ။ ရည်းစားနဲ့စပြီး ကြိုက်တာနဲ့မိဘတွေနဲ့ တွေ့ပေးဖို့မသင့်တော်သေးပါဘူး။ ဒီတော့ ဘယ်လိုအချိန်တွေဆိုရင် ပေးတွေ့ပေးသင့်ပြီလဲ။

တည်ငြိမ်နေတဲ့အချိန်

သင့်အနေနဲ့ သင်တို့နှစ်ယောက်ရဲ့အချစ်ရေးက တည်ငြိမ်ပြီး ပျော်ရွှင်စရာကောင်းတယ်လို့ ယူဆလို့ရပြီဆိုတဲ့အချိန်မျိုးမှာ သင့်မိဘတွေနဲ့တွေ့ပေးသင့်ပါပြီ။ သင့်ကိုတကယ်နှစ်နှစ်ကာကာနဲ့ချစ်တဲ့ သူတစ်ယောက်ကို မိဘတွေနဲ့ပေးတွေ့ရတာက သင့်ကိုယုံကြည့်မှုအပြည့်ရှိစေပြီး သင့်မိဘတွေရှေ့မှာလည်း ဘယ်တော့မှမျက်နှာပျက်စရာတွေ ဖြစ်လာတော့မှာမဟုတ်ပါဘူး။

သူ့ဘက်ကလည်း လိုလိုလားလားရှိနေတယ်ဆိုရင်

သူ့ဘက်ကနေပြီး လိုလိုလားလားနဲ့ ကိုယ့်မိဘတွေနဲ့ တွေ့ချင်တယ်ဆိုပြီး တောင်းဆိုလာတဲ့ အခါမျိုးတွေမှာလည်း ပေးတွေ့ဖို့အသင့်တော်ဆုံးဖြစ်မှာပါ။ သူ့ကကိုယ့်ကိုတကယ်ချစ်လို့ ကိုယ့်မိဘတွေနဲ့တရားဝင် ရင်းနှီးချင်တဲ့ဆန္ဒရှိတာကြောင့်လည်း သူ့ဘက်ကစပြီး တွေ့ဖို့ပြောဆိုလာတာကြောင့် သင့်အနေနဲ့ပေးတွေ့ကြည့်သင့်ပါတယ်နော်။

သူ့မိဘတွေနဲ့ တွေ့ပြီးပြီဆိုရင်

သူ့ဘက်ကဖိတ်ခေါ်လို့ သူ့မိဘအသိုင်းအဝိုင်းတွေနဲ့ သင်တွေ့ပြီးသွားပြီဆိုရင်တော့ သင့်မိဘတွေနဲ့လည်း သူ့ကိုပေးတွေ့ပေးသင့်ပါပြီ။ သူဘက်ကတကယ်ချစ်လို့ သင်နဲ့ပဲတစ်သက်လုံးလက်တွဲသွားမှာမို့လို့ သူ့မိဘအသိုင်းအဝိုင်းတွေနဲ့ ပေးတွေ့ပေးတာဖြစ်တာကြောင့် သင်ကလည်းသူ့ကိုဆွဲခေါ်သင့်ပြီလေ။

သင်တစ်ကယ်ချစ်မြတ်နိုးတယ်ဆိုရင်

သူ့ဘက်ကလည်းချစ်ပြီး သင့်ဘက်ကလည်း သူ့ကိုတစ်ကယ်ချစ်တယ်ဆိုတာ သေချာပြီဆိုရင်တော့ နှစ်ဖက်မိဘတွေနဲ့ တွေ့ဆုံမှုတွေကိုစပြီးတော့ လုပ်သင့်ပြီလို့တော့ထင်ပါတယ်။ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်တဲ့သူတစ်ယောက်ကပဲ သင့်ဘဝတစ်လျှောက်လုံးမှာ ပျော်စရာတွေပဲကြုံတွေ့ရစေမှာပေါ့။