ဆားဝက်ခြံက လူတိုင်းလိုလို အနည်းနဲ့အများဆိုသလို ဖြစ်တတ်ကြပါတယ်။ နှခေါင်း ပါးမို့နားမှာ အဖြစ်များပြီး တခါတလေမှာ လည်ပင်နဲ့ ပုခုံးတွေမှာပါ ဖြစ်တတ်တဲ့သူတွေရှိပါတယ်။ ဆားဝက်ခြံရှိတာဟာ အလှတရားကို မှေးမှိန်စေပါတယ်။ ဆားဝက်ခြံကင်းစင်ပြီး နူးညံ့ချောမွတ်တဲ့အသားအရေကို ရရှိနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

lemon-water-skin-benefit-640x426

ဆားဝက်ခြံဟာ ချွေးပေါက်တွေကိုပိတ်စေပြီး ဟောမုန်မညီမျှတာ အဆီပြန်တာ အမွှေးအမျှင်တွေမှာ အဆီပြန်တာနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာမစားတာကြောင့်ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အဲဒီလိုဖြစ်တာကို အထိရောက်ဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်း တကယ်ရှိပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

1-20-1466417530mmkjkj

သံပုယိုသီး တစ်ခြမ်း

ပျားရည်အနည်းငယ်

ပြင်ဆင်ခြင်း

blackhead-removal-remedy

သံပုယိုသီးပေါ်မှာ ပျားရည်အနည်းငယ်လောင်းထည့်ပြီး မျက်နှာပေါ်မှာ ညင်သာစွာပွတ်လိမ်းပေးပါ။ ဆားဝက်ခြံဖြစ်နေတဲ့နေရာမှာ သေသေချာချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၇ မိနစ်လောက်ထားပြီရင် ရေဆေးချပါ။ ရေအေးနဲ့ပဲ ဆေးချရမှာဖြစ်ပါတယ်။ ပထမတစ်ကြိမ်မှာတင် ထူးခြားတဲ့ရလဒ်ကိုခံစားရမှာဖြစ်ပြီး အသားအရေ ချောမွှတ်သန့်ရှင်းလာတာကို လက်တွေ့ခံစားရမှာပါ။ ဆားဝက်ခြံမပျောက်မချင် အဲဒီလိုလုပ်ပေးလို့ရပါတယ်။

Photo Credit: healthtoday.com