သင့်မှာ ပိုင်ဆိုင်ထားတဲ့ ကိုယ်လက်အစိတ်အပိုင်းတွေကြောင့်ပဲ သင်လုပ်ချင်တဲ့ အလုပ်တွေကို လုပ်နိုင်တာပါ။ သင် သွားချင်တဲ့နေရာ သွားနိုင်ဖို့ အဓိကစွမ်းဆောင်ပေးတဲ့ ခြေထောက်တွေကိုလည်း ကျေးဇူးတင်သင့်ပါတယ်။ သင့်ခြေထောက်ကို မျက်နှာအသားအရေ ဂရုစိုက်သလိုပဲ ရံဖန်ရံခါ ဂရုစိုက်ပေးသင့်ပါတယ်။ ဒီတော့ သင့်ခြေထောက် အရင်ထက် ပေါ့ပါးလန်းဆန်းစေနိုင်ဖို့ ပေါင်းတင်နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ ခြေထောက်ကွဲသူ
ခြေဖနောင့်ကွဲသူတွေအနေနဲ့ အုန်းဆီနဲ့ သကြားကို ရောကာ Scrub လုပ်ပေးသင့်ပါတယ်။
၂။ စိတ်ဖိစီးမှု လျော့ကျဖို့
သင့်တစ်ကိုယ်လုံးစာ တင်းနေတာတွေ ပြေလျော့ပြီး စိတ်ဖိစီးမှု လျော့သွားဖို့ သံပရာသီးအခွံကို အမှုန်လေးတွေ ရအောင် ခြစ်ပေးကာ ရေနွေးထဲ ထည့်ပေးရပါမယ်။ ဒီထဲ Baking Soda ထပ်ထည့်ကာ ရေနွေးတဲ့အချိန် ခြေထောက်ကို စိမ်ပေးသင့်ပါတယ်။
၃။ ခြေထောက် စိုစိုပြေပြေလေးဖြစ်ဖို့
သင့်ခြေထောက် အသားအရေ စိုစိုပြေပြေဖြစ်ဖို့ ဗီနီကာနဲ့ Listerine Mouth Wash ကို ရောကာ အရည်ဖျော်နိုင်ပါတယ်။ ဒီထဲကို ခြေထောက်နှစ်ပေးရပါမယ်။
၄။ ခြေထောက် အနံ့သက်သာဖို့
ခြေဆီထွက်တာ သက်သာဖို့ ရေနွေးထဲ သံပယိုခြမ်းနဲ့ မုန့်ဖုတ်ဆိုဒါထည့်ကာ စိမ်ပေးနိုင်ပါတယ်။
၅။ ခြေထောက် အဆိပ်အတောက်ပြယ်ဖို့
ခြေထောက် အဆိပ်ပြယ်ဖို့ Epsom Salt, Baking Soda နဲ့ Peppermint Essential Oil တို့ကို ရောကာ ခြေထောက်ကို ပွတ်နိုင်ပါတယ်။
၆။ ဇိမ်ခံနိုင်တဲ့ ခြေထောက် ပေါင်းတင်နည်း
အေးတဲ့ရာသီတွေမှာ ခြေထောက်ကို Cream တစ်မျိုး လိမ်းပေးကာ ခြေအိတ်စွပ်ပြီး အိပ်သင့်ပါတယ်။ ဒါက သင့်ခြေထောက်ကို သက်တောင့်သက်သာ ဖြစ်စေမှာပါ။
Photo Source: Pinterest
By MyStyle Myanmar
 
											
				 
									





 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				