ကိုယ်ဘာဖြစ်မလဲဆိုတာက ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ အမေးအပေါ် သက်ရောက်ပါလိမ့်မယ်။ ဒါကြောင့် ရည်မှန်းချက်ဟာ ကိုယ့်အနာဂတ်အတွက် ဖိတ်စာတစ်စောင်လို့လည်း သတ်မှတ်လို့ရနိုင်ပါတယ်။ ကိုယ့်ချမှတ်ထားတဲ့ အိပ်မက်က ကိုယ့်ကို အဲဒီခရီးကိုရောက်ဖို့ ဖိတ်ခေါ်နေလို့ပဲဖြစ်ပါတယ်။

ဒီလိုနဲ့ အဲဒီခရီးကို ရောက်ဖို့အတွက် မှတ်တိုင် တစ်တိုင်ပြီးတစ်တိုင် စိုက်ထူရင်း တစ်ခုပြီးတစ်ခု ဘယ်လိုအခဲအခက်တွေပဲ ကြုံရကြံရ မနေတမ်းမနားတမ်း ဖြတ်လျှောက်နေဖို့ပဲ လိုအပ်ပါတယ်။

ဒီတော့ ကိုယ်တို့မှာ အိပ်မက်နေပြီဆိုရင်ဖြင့် ကိုယ့်ဖြစ်ချင်တာကို တစ်ညတည်းနဲ့ အပြီးဖြစ်နိုင်တယ်လို့ မတွေးတော့ပဲ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ တစ်ညပြီးတစ်ည တစ်ရက်ပြီးတစ်ရက် မရပ်ပဲ အနားပဲ စဉ်ဆက်မပျက် တက်တက်ကြွကြွ လုပ်ဆောင်အကောင်အထည်ဖော်နေပါပြီလည်း ဖြစ်ပါတယ်။

ကိုယ့်ဘဝမှာ အဓိပ္ပာယ်ရှိရှိ တန်ဖိုးရှိရှိ နေထိုင်ဖို့ အိပ်မက်ကို ကြိုးစားအကောင်အထည်ဖော်ရင်း ရှေ့ဆက်ကြပါတယ်။ အောင်မြင်မှုလေပြေသွေးလေးကတော့ လွယ်လွယ်နဲ့ ကျွန်တော်တို့ ရှိတဲ့ဆီကို တိုက်ခက်မလာတတ်ပါဘူး။

သို့သော် မအောင်မြင်သေးသ၍ ကျွန်တော်တို့ကလည်း လက်ချအရှုံးမပေးနိုင်ပါဘူး။ အိပ်မက်တွေကြောင့်၊ အိပ်မက်ကို အကောင်အထည်ဖော်ချင်တဲ့ စိတ်ခွန်အားတွေကြောင့် ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ မယိမ်းယိုင်စေတဲ့အပြင် အောင်မြင်ဖို့အတွက် ပိုအားဖြစ်စေတဲ့ စေ့ဆော်မှုတွေကိုတောင် တိုးပွားစေပါတယ်။

Featured Image Source: jcomp