လူတိုင်းမှာ အဆက်ဟောင်းဆိုတာရှိကြတာပါပဲ။ ကွဲပြားသွားတာကတော့ အဆက်ဟောင်းကို လွယ်လွယ်မေ့နိုင်တဲ့သူနဲ့ မမေ့နိုင်ပဲ ချစ်နေသေးတဲ့သူပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အဆက်ဟောင်းကို မမေ့နိုင်သေးလို့ မေ့ပစ်လိုက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေသုံးပြီး မေ့ပစ်နိုင်အောင် ကြိုးစားလုပ်ယူလို့ရပါတယ်။

ပထမစစချင်းမှာတော့ သင့်ကိုယ်သင် အချိန်ပေးလိုက်ပါ။ အပြည့်အဝငိုကြွေးလိုက်ပါ။ ခံစားရတာတွေအကုန် ပေါက်ကွဲထွက်ပြီး အပြည့်အဝ ခံစားလိုက်ပါ။ ၂ ပတ်လောက်တော့ အချိန်ပေးလိုက်ပါ။

အချိန် ၂ ပတ်ကျော်လာတာနဲ့ ငိုကြွေးတာတွေ၊ ပူဆွေးတာတွေကို ရပ်ပစ်လိုက်ပါတော့။ လွယ်လွယ်နဲ့မေ့ပစ်လို့ မရနိုင်ရင်တောင် ပျော်ရွှင်ခဲ့တာတွေ၊ သူနဲ့ ပတ်သက်တာတွေကို ပြန်မတွေးပါနဲ့တော့။ တွေးမိလိုက်တိုင်းမှာလည်း တစ်ခုခုအာရုံပြောင်းလုပ်လိုက်ပါ။

သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေအကုန် ဖျက်စီးပစ်လိုက်ပါတော့။ ရှင်းထုတ်လိုက်ပါတော့။ သူနဲ့ပတ်သက်တဲ့သူတွေ၊ သူ့အပေါင်းအသင်း၊ မိသားစု အားလုံးနဲ့ အဆက်အသွယ် အားလုံး ဖြတ်တောက်လိုက်ပါ။

သင့်သူငယ်ချင်း၊ အပေါင်းအသင်း၊ မိသားစုနဲ့အတူ အချိန်တွေကုန်ဆုံးပြီး စိတ်လွတ်ကိုယ်လွတ်နဲ့ ကိုယ်လုပ်ချင်တာလုပ်ပြီး ပျော်ရွှင်လိုက်ပါ။

အပေါ်က ၄ ချက်ကို လုပ်ပြီးပြီဆိုရင်တော့ ကိုယ့်စိတ်ကိုပြောင်းလဲလိုက်ပါတော့၊ ပျော်ပျော်ရွှင်ရွှင်နေပါ။ အရင်နဲ့မတူအောင်ကို ပျော်ရွှင်လိုက်ပါ။ လှလှပပနေပါ။ စိတ်သစ်လူသစ်နဲ့ အခုမှပဲ အပြည့်အဝပျော်ရွှင်ရတယ်၊ စိတ်ချမ်းသာတယ်ဆိုတဲ့ ခံစားမှုမျိုးကို ရယူလိုက်ပါ။

Photo Source: www.freepik.com