တွဲလာတာကြာတဲ့အခါမှာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့လက်ရှိ ချစ်သူပေါ်မှာ စိတ်ကုန်လာတယ်လို့ ခံစားရတဲ့အခါမှာ ဒီအချက်တွေကို ပြန်ပြီး စဉ်းစားသင့်ပါတယ်။ ဒါမှလည်း နောင်တရတာမျိုး၊ မှားသွားတာမျိုးတွေ မဖြစ်ပဲ ရှေ့ဆက်လို့ရမှာပါ။

သင်မကြိုက်တာတွေလုပ်နေလို့လား

သင်မကြိုက်တာတွေ၊ စိတ်ပျက်စရာတွေကို ခဏခဏလုပ်လို့ စိတ်ကုန်လာတာလား၊ သူ့အမှားတွေတွေကြောင့် စိတ်ကုန်လာတာလား စဉ်းစားပါ။ သူ့လုပ်ရပ်တွေကို ကိုယ်က စိတ်ကုန်လာတာဆိုရင်တော့ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း လုပ်သင့်ပါတယ်။

ကိုယ်တိုင်ကငြီးငွေ့လာတာလား

သူ့ဘက်ကအပြစ်မရှိပဲ ကိုယ်ကိုယ်တိုင်ကိုက မတွဲချင်တော့တာ၊ ငြီးငွေ့လာတာ၊ ရိုးလာတာမျိုးကြောင့် စိတ်ကုန်တာဆိုရင်တော့ သေချာပြန်စဉ်းစားသင့်ပါတယ်။ သင့်အနေနဲ့ သူမရှိပဲ တကယ်နေနိုင်ရဲ့လား၊ ပြတ်စဲလိုက်လို့ တချိန်မှာ နောင်တရနိုင်မလား စဉ်းစားပါ။ သူ့ဘက်ကကိုယ့်ကို အရမ်းချစ်တာမျိုးဆိုရင် တစ်ဖက်ကိုလည်း တွေးပေးသင့်ပါတယ်။

နောက်တစ်ယောက်ရောက်လာလို့လား

နောက်တစ်ယောက်က ကိုယ့်စိတ်ထဲရောက်လာလို့ လက်ရှိချစ်သူကို စိတ်ကုန်သွားတာလား စဉ်းစားပါ။ မချစ်တော့ရင် လမ်းခွဲတာက ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ နာကျင်မှုကိုလည်း ဖြည့်တွေးပေးဖို့ လိုပါသေးတယ်။ နောက်တစ်ယောက်ကြောင့် လက်ရှိလူကို စိတ်ကုန်တာဆိုရင်တော့ ကိုယ့်အလွန်ပါပဲ။

စိတ်ညစ်စရာတွေရှိနေလို့လား

တစ်ခါတစ်လေကျရင် ကိုယ့်မှာစိတ်ညစ်စရာတွေရှိနေရင်၊ stress တွေပိနေရင်လည်း ဘေးနားကလူတွေကိုပါ စိတ်ကုန်လာပြီး တစ်ယောက်ထဲနေချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါက ကြုံတွေ့နေရတဲ့ အခြေအနေပေါ်မူတည်ပြီး စိတ်ခံစားချက် ပြောင်းသွားတာပါ။ ကိုယ့်စိတ်အဆင်ပြေလာတဲ့အခါကျရင် ကိုယ့်ချစ်သူအပေါ်မှာ ပြန်ပြီးချစ်လာမှာ၊ စိတ်ကုန်တာတွေလည်း မရှိတော့ပဲ ဖြစ်သွားမှာပါ။ ဒါကြောင့် သေချာစဉ်းစားပါ။ တစ်ယောက်ထဲနေဖို့ အချိန်လိုရင် ပွင့်ပွင့်လင်းလင်းပြောပြီး ခဏလောက် တစ်ယောက်ထဲ နေလိုက်တာ ပိုကောင်းပါတယ်။