ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ လိမ်ညာလှည့်စားနေပြီလားဆိုတာကတော့ သူလုပ်နေတဲ့ လုပ်ရပ်တွေနဲ့၊ သူပြောတဲ့ပုံစံ၊ အမူအယာအပြုအမူတွေကို သေချာကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ တချို့ကျတော့လည်း ချက်ချင်းတော့မသိနိုင်ပေမယ့် ကြာလာတဲ့အခါမှာ သိသာလာပါလိမ့်မယ်။ ဒါကြောင့် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ လိမ်ညာလှည့်စားနေပြီလားဆိုတာ သိချင်ရင်တော့ ဒီအချက်တွေကို ကြည့်ကြည့်နိုင်ပါတယ်။

သင့်အပေါ်မှာ လိမ်ညာထားတယ်၊ လှည့်စားနေတယ်ဆိုရင်တော့ သူ့လုပ်ရပ်တွေက တစ်ဖြေးဖြေးနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ ပုံမှန်ပြောင်းလဲတာမျိုး မဟုတ်ပဲ အရာရာ ပြောင်းလဲလာတာမျိုးပေါ့။ ကိုယ်နဲ့တွဲနေတဲ့သူက လုပ်နေကျပုံစံတွေမလုပ်တော့ပဲ ပြောင်းလဲလာတာများလာရင် ဘယ်သူမဆို တန်းသိပါတယ်။

လိမ်ညာထားတဲ့သူတစ်ယောက်က စကားပြောရင် အရမ်းသိသာပါတယ်။ အလိမ်ခံရတဲ့သူကလည်း နည်းနည်းလောက်မူမမှန်တာနဲ့ သံသယဝင်တာဆိုတော့ ဒီအချိန်မှာ သူ့ဘက်က လိမ်နေလား၊ မလိမ်ဘူးလားဆိုတာကို သေချာသိချင်ရင် မေးခွန်းများများမေးပါ။ မေးခွန်းများများမေးလေ သူတို့အတွက် အကျပ်ရိုက်လေပါပဲ။ စကားတွေက ရှေ့နောက်မညီတာ၊ တစ်ခါပြောရင်တစ်ခါ မတူတော့တာ၊ တစ်ဖြေးဖြေးနဲ့ မေးလေစစ်လေ နည်းနည်းချင်းစီ ထွက်လာတာမျိုးဆိုရင်တော့ သင့်အပေါ်လိမ်ထားတာ သေချာနေပါပြီ။

တစ်ဖြေးဖြေးနဲ့ သင့်ကိုရှောင်ဖယ်လာနေပြီ။ သင့်ကိုလုပ်ပေးနေကျအရာတွေလည်း မလုပ်တော့ပဲ ပြောင်းလဲသွားတယ်။ သင့်စိတ်ထဲမှာ သူ့ကိုတခြားသူတစ်ယောက်လိုပဲ ခံစားလာရပြီဆိုရင်တော့ သင့်အပေါ်လှည့်စားနေတာ၊ အရင်လိုမချစ်တော့တာမျိုး ဖြစ်ဖို့က ရာခိုင်နှုန်းများပါတယ်။

သူ့မှာ လျှို့ဝှက်ချက်တွေများလာတယ်၊ သင်လိုက်မေးရင် အရင်ဆိုပြောပြပေမယ့် နောက်ပိုင်း ပြောပြဖို့နေနေသာသာ မေးရင်တောင် မကြိုက်တော့ပဲ ရန်ပြန်လုပ်တာမျိုးတွေ၊ ခဏခဏဖြစ်လာရင်တော့ သူ့ဘက်က ပြောင်းလဲသွားပြီး သင့်အပေါ်မှာ လှည့်စားနေတာ၊ လိမ်ညာနေတာဖြစ်ဖို့ များပါတယ်။

ဒါကြောင့် တစ်ခုခုစိတ်ထဲမသင်္ကာဖြစ်ရင် တစ်ယောက်ထဲ စိတ်ထင်သလိုလျှောက်မလုပ်ပဲ သေချာလေ့လာကြည့်ပါ။ စဉ်းစားကြည့်ပါ။ အချိန်ခဏယူပြီး စောင့်ကြည့်နေလိုက်ပါ။ အပေါ်ကအချက်တွေ အားလုံးနဲ့ တော်တော်များများတိုက်ဆိုင်နေပြီဆိုရင်တော့ သေချာစဉ်းစားဆုံးဖြတ်ရမယ့်အချိန်ကို ရောက်နေပါပြီ။

photo source: www.freepik.com