အချစ်ရေးတစ်ခုက စစတွဲချင်းမှာတော့ အရာရာက အသစ်အဆန်းတွေဖြစ်နေပြီး အရာတိုင်းကိုလည်း အကောင်းဘက်ကနေပဲ့ မြင်တတ်ကြပါတယ်နော်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာတော့ သူ့ဆီမှာလည်း ကိုယ်မကြိုက်တာတွေ တွေ့လာရတတ်ပါတယ်။ အဲ့ဒီမကြိုက်တာတွေထဲမှာ သင်လုံးဝလက်ခံလို့မရတာတွေလည်း ရှိလာတတ်ပါတယ်။ အဲ့ဒီအချိန်ကျရင် တစ်ဘဝစာလုံးအတွက် သင့်လက်တွဲဖော်အဖြစ် ‌ရွေးချယ်ဖို့ သင်သေချာစဉ်းစားဖို့ လိုလာပါပြီနော်။

တစ်ဘဝလုံးအတွက် ပြင်လို့မရတဲ့ အမှားမျိုးမဖြစ်ရလေအောင် သင့်အနေနဲ့ သူက သင့်ချစ်သူဖြစ်ဖို့ ထိုက်တန်လား မထိုက်တန်ဘူးဆိုတာကို ကြိုတင်သိထားသင့်ပါတယ်။ ဒါ့ကြောင့် တစ်ဘဝစာလုံးအတွက် သင့်လက်တွဲဖော်အဖြစ် ‌မရွေးချယ်ခင် ဒီအချက်လေးတွေကို ကြည့်ပြီး ဝေဖန်သုံးသပ်တတ်ဖို့ မျှော်လင့်မိပါတယ်။

တစ်ချိန်လုံး “ငါ” စွဲရှိတဲ့သူမျိုး

“ကိုယ်တို့ ” “ချစ်တို့” ဆိုတဲ့ “တို့” စကားမျိုး မသုံးတတ်ပါဘူး။ ငါလုပ်ကြည့်မယ်ဆိုတဲ့စကားမျိုးပဲ သူသုံးပါတယ်။ သင်နဲ့တွေ့တိုင်း သူ့အကြောင်းပဲ ပြောတတ်ပါတယ်။ သင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို နားထောင်ပေးဖို့ စိတ်ကူးမရှိပါဘူး။

သင့်ဘက်ကနေ အမြဲတောင်းဆိုနေရတယ်

တောင်းဆိုနေရတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုရှင်းပြပါမယ်။ ဥပမာ သင်က အထုပ်ကြီးတစ်ခုကိုင်ထားပါတယ်။ သူက သင့်ကိုကူပြီး ကူဆွဲပေးရမယ်ဆိုတာ မသိပါဘူး။ သင်အကူအညီတောင်းဆိုမှ သူက ကိုင်ပေးပါတယ်။ ပြောမှသိတဲ့လူကို ဆိုလိုပါတယ်။ သူက အဲ့လိုလူမျိုးဆိုရင်တော့ သင့်အချိန်တွေ ကုန်ရတာ မတန်ပါဘူး။

သူက သင့်အကြောင်းမစဉ်းစားတတ်ဘူး

သင်က သူ့ဘဝမှာ အရံသဘောပဲရှိတယ်ဆိုရင်တော့ သင့်ရည်းစားဖြစ်ဖို့ လုံးဝမထိုက်တန်ပါဘူး။ သူ့အနာဂတ်မှာလည်း သင်မပါရင်တော့ ပြန်စဉ်းစားပါတော့။

လေးနက်မှုမရှိဘူး

သင်နဲ့ရန်ဖြစ်လို့ သင်နေရာက ထပြန်သွားရင်လည်း သူလိုက်မချော့ပါဘူး။ ဖြစ်လာတဲ့ကိစ္စကို ဒီစီးကြောင်းလေးအတိုင်းပဲ အေးဆေးလိုက်ပါတတ် ပါတယ်။ သူ့ဘက်က လေးလေးနက်နက်မရှိပါဘူး။

အနာဂါတ်ရှေ့ရှေးအတွက် ကြိုတင်တွေးတောတတ်တဲ့သူ မဟုတ်ဘူး

သင်ချစ်တဲ့လူတစ်ယောက်က ဘဝအတွက်ကြိုးစားနေတဲ့လူတစ်ယောက်ဖြစ်သင့်ပါတယ်။ ကြိုးစားတယ်ဆိုတာ အကြောင်းရင်းတွေရှိပါတယ်။ ကြိုးစားမှ သင်နဲ့ရှေ့လျှောက်အနာဂတ်စိတ်အေးရမယ်လေ။ ဒီလိုအတွေးတွေလည်း သူ့ဆီမှာမရှိပါဘူး။ ဘဝကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းတတ်သူ တစ်ယောက်ဆိုရင်တော့ ထက်မြက်တဲ့သင်နဲ့ မထိုက်တန်ပါဘူး။

Source: Herbeauty.co