တချို့တွေက Skincare လုပ်တာတွေ၊ အသားရေဂရုစိုက်ရတာတွေကို နွေရာသီနဲ့ ဆောင်းရာသီမှာပဲ လိုအပ်တယ်လို့ ထင်နေကြတာပါ။ တကယ်တော့ မိုးရာသီမှာ အသားအရေကို အထူးဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေအများဆုံးကပ်နိုင်တဲ့ ရာသီဥတုဖြစ်လို့ မိုးရာသီမှာ အသားအရေကို အရင်ထက်ပိုပြီး ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

မိုးရာသီမှာ မျက်နှာကို တစ်နေ့ သုံးကြိမ်သစ်ပေးဖို့လိုပါတယ်။ မနက် တစ်ကြိမ်၊ အပြင်သွားပြီးပြန်လာရင် တစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီးရင် တစ်ကြိမ် သစ်ပေးဖို့လိုပါတယ်။ အပြင်မသွားပဲအိမ်မှာပဲနေရင်တော့ တစ်နေ့ နှစ်ကြိမ် သစ်ကိုသစ်ပေးရပါမယ်။ နေပူလိုက်၊ မိုးရွာလိုက်နဲ့ဆိုရင် အသားအရေကပိုပြီး ထိခိုက်လွယ်ပါတယ်။

မျက်နှာသစ်ပြီးတိုင်းမှာလည်း Toner ကို မဖြစ်မနေလိမ်းပေးပါ။ အခြား Skincare Step လေးတွေကိုလည်း လုပ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ မျက်နှာကအမြဲရေဓာတ်ပြည့်နေဖို့ လိုပါတယ်။ Mask တွေလည်း သုံးရက်ခြား တစ်ခါလောက် ကပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ Mask မကပ်တဲ့နေမျိုးမှာဆိုရင် အိမ်တွင်းဖြစ် Face Mask လေးတွေ၊ အသီး Face Mask လေးတွေ လုပ်ပေးပါ။ မိုးရာသီမှာ မဖြစ်မနေလုပ်ပေးရမယ့်အရာကတော့ Toner နဲ့ Moisturizer ပါပဲ။ မျက်နှာသစ်ပြီးတိုင်းမှာ တစ်ခြားဟာတွေမလိမ်းရင်တောင် ဒီနှစ်ခုကိုတော့ လိမ်းပေးပါ။

မျက်နှာပြီးရင် ခန္ဓာကိုယ်အသားအရေကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ အပြင်ကပြန်လာတိုင်းမှာ ရေချိုးပါ။ ရေချိုးတဲ့အခါမှာလည်း ဆပ်ပြာကိုနေရာအနှံ့တိုက်ပေးပါ။ ရေချိုးပြီးရင် အရေးအကြီးဆုံးက Lotion လိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။ အိမ်မှာနေလည်း လိမ်းပြင်ပါ။ အပြင်သွားမယ်ဆိုရင်တော့ Lotion လိမ်းပြီး Sunscreen ပါ ထပ်လိမ်းပေးပါ။ မိုးရာသီမှာလည်း Sunscreen က လိုအပ်ပါတယ်။

မိုးရာသီမှာ ဒီအချက်လေးတွေကို မဖြစ်မနေလုပ်ပေးမယ်၊ ဂရုစိုက်ပေးမယ်ဆိုရင်တော့ ပျိုမေတို့ရဲ့အသားအရေလေးက ဘယ်တော့မှပျက်စီးတော့မှာ မဟုတ်ဘူးနော်။