Shaving လုပ်တာထက်စာရင် Waving လုပ်တာက ပိုပြီးကောင်းပါတယ်။ အသားအရေအတွက်လည်း ပိုကောင်းသလို အမွှေးထွက်နှုတ်လည်း ပါးသွားစေပါတယ်။ ဒါ့အပြင် ပြန်ထွက်လာရင်လည်း အမွှေးကြမ်းတွေမဟုတ်လို့ Shaving လုပ်တာထက် ပိုကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်အသားအရေအတွက် Waxing မလုပ်ခင်မှာ ဒီအရာတွေကိုတော့ သိထားဖို့လိုပါတယ်။

Gently exfoliate

Waxing မလုပ်ခင် ၃ ရက်လောက်မှာ Gently exfoliate လုပ်ပေးပါ။ Scrub ကို အရမ်းကြမ်းတာတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်ပေးခြင်း ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ Waxing လုပ်ပြီးသွားရင် အသားအရေက sensitive ဖြစ်သွားတဲ့အတွက် Exfoliate, Scrub မလုပ်သင့်ပါဘူး။

Lotion မလိမ်းပါနဲ့

Waxing လုပ်ပြီးရင် လုပ်တဲ့နေ့နဲ့ နောက်တစ်နေ့မှာ Lotion မလိမ်းရပါဘူး။ ဘာမှမလိမ်းပဲ အနည်းဆုံး ၂ ရက် ထားရပါတယ်။ နောက်နေ့တွေမှသာ Lotion ကို ပုံမှန်အတိုင်း လိမ်းပေးပါ။

နေပူထဲထွက်တာကိုရှောင်ပါ

Waxing လုပ်ပြီးရင် အသားအရေက အရမ်းကိုနူးညံ့ပြီး sensitive ဖြစ်နေတဲ့အတွက် နေပူထဲထွက်တာကို ရှောင်သင့်ပါတယ်။ ဖြစ်နိုင်ရင် Waxing လုပ်မယ်ဆို အပြင်မသွားတဲ့ရက်တွေမှာလုပ်ပါ။ နေရောင်ခြည်ထိရင် အသားအရေက အရမ်းကိုပျက်စီးပြီး မဲပါလိမ့်မယ်။

source:www.blushin.com