ရည်းစားရှိတဲ့သူတိုင်းဖတ်ကြည့်သင့်ပါတယ်။ ကိုယ့်ချစ်သူရည်းစားက ကိုယ့်ကိုချစ်တော့ သဝန်တိုမှာပဲ။ ဒါကိုအပြစ်သွားပြောလို့တော့မရပါဘူး။ တကယ်လို့သင့်မှာ သဝန်တိုတတ်တဲ့ရည်းစားတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ ဒါလေးတွေကို သိထားဖို့လိုမယ်နော်။

သဝန်တိုတာက ကိုယ့်ကိုချစ်လို့ဆိုတာကို နားလည်ထားဖို့တော့လိုပါတယ်။ တချို့က သဝန်တိုတာကို မကြိုက်ကြဘူး။ တကယ်မချစ်ပဲ အပျော်ဆိုရင် ဘယ်သူ့မှ သဝန်မတိုပါဘူး။ ဟန်ဆောင်ပြီးသဝန်တိုပြနေတာဆိုရင်တောင် သိသာပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူ သဝန်တိုတာကို စိတ်ရှုပ်စရာလို့မတွေးပါနဲ့။

ကိုယ့်ချစ်သူက သာမာန်ထက်ပိုပြီး သဝန်တိုတတ်တယ်ဆိုရင်တော့ သူနားလည်အောင် သေချာရှင်းပြထားပါ။ သင်နဲ့ပတ်သက်တဲ့ ယောင်္ကျားလေး (သို့) မိန်းကလေးတွေကို ပွင့်ပွင့်လင်းလင်းပြောပြထားပါ။ သူငယ်ချင်းဆိုလည်း တစ်ခါတည်းသာ မိတ်ဆက်ပေးပြီး အရာရာကို ပြောပြထားလိုက်ပါ။ ဒါဆို အထင်လွဲတာမျိုးတွေ၊ သဝန်တိုတာမျိုးတွေလည်း လျော့သွားမှာပါ။

ကိုယ့်ချစ်သူမကြိုက်တာတွေကို မလုပ်မိပါစေနဲ့။ သူမကြိုက်ဘူးဆိုတာမျိုးတွေ၊ သူသဝန်တိုတတ်တာမျိုးတွေကို မလုပ်မိအောင် ဆင်ခြင်ပေးလိုက်ပါ။ ကိုယ်မသိလို့လုပ်မိတာမျိုးကို သူမကြိုက်ဘူး၊ သဝန်တိုတယ်လို့ပြောလာတဲ့အခါ နောက်မလုပ်မိအောင်သာ နေပေးလိုက်မယ်ဆိုရင် အဲ့ကိစ္စနဲ့ ပြဿနာတတ်တာမျိုး၊ ရန်ဖြစ်တာမျိုး ရှိမှာမဟုတ်တော့ပါဘူး။

ချစ်သူနဲ့ရန်ဖြစ်စိတ်ကောက်နေချိန်၊ သူ့ကိုစိတ်ဆိုးစိတ်တိုနေချိန်မှာလည်း သူမကြိုက်တာတွေ တမင်ရွေးလုပ်တာမျိုး၊ သူသဝန်တိုအောင် လုပ်ပြတာမျိုးတွေ သွားမလုပ်မိပါစေနဲ့။ အရမ်းသဝန်တိုတတ်တဲ့သူဆိုရင် သည်းမခံနိုင်ပဲ ပြဿနာတွေ ပိုကြီးသွားနိုင်ပါတယ်။