နောက်ပိုင်းမှာတော့ တော်တော်များများက အသားအရေကို အရမ်းဂရုစိုက်လာတာတွေ့ရပါတယ်။ အသားအရေလှပဖို့အတွက် Body Scrub လုပ်ပေးတာကလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုစေပါတယ်။ ဆိုင်မှာသွားလုပ်မယ်ဆိုရင်တော့ တစ်လမှာ နှစ်ခါလောက် လုပ်ပေးရမှာဖြစ်တဲ့အတွက် ငွေပိုကုန်ပါတယ်။

ဒါကြောင့် အိမ်မှာပဲ Scrub ဘူးလေးတွေဝယ်ပြီး လုပ်ပေးတာအကောင်းဆုံးပါ။ တော်တော်များများလည်း အိမ်မှာပဲလုပ်ကြတာများပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ အိမ်မှာ Body Scrub လုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့အဓိကအချက်တွေကို မျှဝေပေးလိုက်ပါတယ်။

Source: www.ebay.com

ပထမအရေးအကြီးဆုံးအချက်ကတော့ Body Scrub လုပ်တော့မယ်ဆိုရင် အသားအရေဟာစိုစွတ်နေဖို့ အရေးကြီးပါတယ်။ ရေအရင်မစွတ်ဘဲ Scrub တန်းလုပ်မယ်ဆိုရင်တော့ အသားအရေက ထိခိုက်နာကျင်တာ၊ ပွန်းတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် Scrub လုပ်တော့မယ်ဆိုရင် ရေအရင်စွတ်ပေးပါ။ ဒါမှလည်း အရေပြားမှာကပ်နေတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ထိရောက်စွာဖယ်ရှားနိုင်မှာပါ။

Source: www.allure.com

Scrub လုပ်တဲ့အခါမှာလည်း စက်ဝိုင်းပုံစံ သေချာလေး ဖြေးဖြေးချင်းစီပွတ်ပေးရပါတယ်။ တံတောင်ဆစ်နဲ့ ဒူးဆစ်နေရာတွေ၊ ခြေမျက်စိနေရာတွေကို သေချာပွတ်ပေးပါ။ အရမ်းပွတ်မယ်ဆိုရင်တော့ ထိရောက်မှုမရှိစေတဲ့အပြင် အသားနာတာပဲအဖတ်တင်ပါလိမ့်မယ်။

Source: www.thecommonscents.com

Scrub လုပ်ပြီးရင် ရေနဲ့ သေချာပြန်ဆေးပေးပါ။ တချို့ Scrub တွေက အသားမှာကပ်နေတာမျိုး၊ ချွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် သေချာလေး ပြန်ဆေးပေးဖို့ မမေ့ပါနဲ့။ Scrub လုပ်ပြီးသွားရင် ယားတယ်ဆိုတာက ရေပြန်ဆေးတာမပြောင်လို့ပါ။ Scrub လုပ်ပြီးသွားရင် အသားနီတာမျိုးကတော့ ဖြစ်တတ်ပါတယ်။

Source: www.vineverareviews.com

Scrub လုပ်ပြီးသွားတဲ့အသားအရေဟာ အရမ်းကိုနူးညံ့ပြီး ခြောက်သွားတဲ့အတွက် ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ဒါကြောင့် Scrub လုပ်ပြီးတာနဲ့ ရေဓာတ်ဖြည့်ပေးတဲ့ Lotion နဲ့ Moisturizer ကို မဖြစ်မနေလိမ်းပေးရပါမယ်။ Scrub လုပ်ပြီးသွားရင် နေပူထဲမထွက်သင့်ပါဘူး။ အသားအရေက အရမ်းနူးညံ့နေတာဖြစ်လို့ နေပူထဲထွက်ရင် အသားအရေပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှပဲ အိမ်မှာအေးအေးဆေးဆေး လုပ်ပေးသင့်ပါတယ်။

Source: www.shutterstock.com

Body Scrub ကို တစ်ပတ်မှာ ၂ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ အချိန်မရရင် တစ်ပတ်မှာတစ်ကြိမ် ပုံမှန်လုပ်ပေးရင်ရပါတယ်။ Sensitive Skin တွေက တစ်ပတ်မှာတစ်ကြိမ်ပဲ လုပ်ပေးပါ။ အမြဲပုံမှန်လုပ်မယ်ဆိုရင်တော့ အသားအရေက သိသိသာသာကိုကြည်လာမှာပါ။

Source: www.depositphotos.com