အခုချိန်မှာ တစ်နေ့ထက်တစ်နေ့ Covid 19 တွေ့ရှိလူနာတွေက များလာတဲ့အတွက် လုံးဝပေါ့ဆလို့မရပါဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်၊ ကိုယ့်မိသားစုကို ကာကွယ်ရပါမယ်။ Covid 19 ကို သေချာကာကွယ်နိုင်ဖို့ မဖြစ်မနေလိုက်နာရမယ့်အချက်တွေကို သေချာသိထားပြီး လိုက်နာရပါမယ်။ ကိုယ်တစ်ယောက်ထဲ လိုက်နာလို့လည်း မရပါဘူး။ ကိုယ့်မိသားစုကိုလည်း ပြောပြပါ။ မျှဝေပေးပါ။ တစ်မိသားစုလုံး လိုက်နာမှ ဖြစ်မှာပါ။

၁။ Mask တပ်ပါ။ လက်အိပ်စွပ်ပါ။

Sources;Gulf Today

အိမ်ထဲမှာပဲနေပါ။ အပြင်လုံးဝမထွက်ပါနဲ့။ ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး။ ကိုယ့်မိသားစုတစ်ခုလုံး အပြင်မထွက်ပါနဲ့။ လူစုလူဝေးကို ရှောင်ပါ။

မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် Mask တပ်ပါ။ လက်အိပ်စွတ်ပါ။ ဆံပင်လုံးဝမချပါနဲ့။ ဆံပင်စည်းပါ။ အဝတ်အစားကတော့ လက်ရှည်ဝတ်ရင် အကောင်းဆုံးပါ။ လက်နဲ့ မျက်လုံး၊ မျက်နှာ၊ ပါးစပ်၊ နှာခေါင်းကို မကိုင်မိအောင် အထူးသတိထားပါ။

လက်တန်းတွေ၊ အများကိုင်ထားတဲ့ နေရာတွေကို အတတ်နိုင်ဆုံး မကိုင်မိအောင် သတိထားပါ။

၂။အပြင်ကပြန်လာတာနဲ့ လက်တန်းဆေးပါ။ ပြီးမှ ရေချိုးပါ။

Source; Parade

အပြင်ကပြန်လာတာနဲ့ လက်တန်းဆေးပါ။ ပြီးမှ ရေချိုးပါ။ နေပူထဲကပြန်လာတယ်ဆိုရင်လည်း ရေချိုးခန်းထဲမှာပဲဖြစ်ဖြစ် ခဏနားပြီးမှ ရေချိုးပါ။ ခေါင်းပါလျှော်ပါ။

အပြင်သွားတုန်းကဝတ်ထားတဲ့ အဝတ်အစားနဲ့ ဖိနပ်တွေကို တန်းလျှော်ပါ။ Dettol နဲ့ လျှော်တာ ပိုပြီး Save ဖြစ်ပါတယ်။

အပြင်သွားရင် ဖုန်းမယူသွားတာ အကောင်းဆုံးဖြစ်ပေမယ့် မဖြစ်မနေယူသွားရတဲ့အခါ ဖုန်း၊ မျက်မှန်၊ ပိုက်ဆံအိတ်၊ ကိုယ်သယ်ဆောင်သွားတဲ့၊ ကိုင်ဆောင်သွားတဲ့ ပစ္စည်းတွေအကုန်လုံးကို အရက်ပြန်နဲ့ ပိုးသတ်ပါ။ ကိုယ့်ပစ္စည်းတင်လိုက်မိတဲ့ ခုံစတဲ့နေရာကိုလည်း အရက်ပြန်နဲ့ ပြန်သုတ်ပါ။

အပြင်သွားရင် မိတ်ကပ်တွေမလိမ်းတာပိုကောင်းပါတယ်။ လိမ်းခဲ့ရင်လည်း မိတ်ကပ်ဖျက်ဆေးနဲ့သေချာဖျက်ဖို့ လုံးဝမမေ့ပါနဲ့။

အနီးအနားကစျေးသွားတယ်ဆိုရင်တောင် Mask တပ်ပါ။ လက်အိပ်စွတ်သွားပါ။ ပြန်လာတာနဲ့ အပေါ်မှာပြောခဲ့သလိုပဲ လက်အရင်ဆေးပါ။ ရေချိုးခန်းထဲမှာခဏနားပြီး ရေချိုးပါ။ အဝတ်အစားတွေကို လျှော်ပါ။ Dettol နဲ့ လျှော်တာတော့ ပိုပြီးပိုးသေပါတယ်။

စျေးကိုနေ့တိုင်းမသွားပါနဲ့။ တစ်ခါသွားရင် တစ်ပတ်စာဝယ်ပါ။ အသားငါးတွေချက်ရင် ကျက်အောင်ချက်ပါ။ အသားတွေကို ရေနွေးနဲ့အရင်ဆေးပါ။

အိမ်မှာနေလည်း တစ်ခုခုလုပ်ပြီးတိုင်း လက်ဆေးပါ။ ပိုက်ဆံကိုင်ပြီးတိုင်း လက်ကိုအရင်သေချာဆေးပါ။

၃။ အိပ်ရေးဝဝအိပ်ပါ။ အာဟာရှိတာစားပါ။

ကိုယ်ခံအားကောင်းမှ ရောဂါပိုးအလွယ်တကူမဝင်နိုင်မှာ ဖြစ်တဲ့အတွက် အိပ်ရေးဝဝအိပ်ပါ။ အာဟာရရှိတာကိုစားပါ။ ဒီအချိန်မှာ ဝိတ်ချတာမျိုး လုံးဝမလုပ်ပါနဲ့။ အပြင်အစားအစာတွေ မစားပါနဲ့။

၄။တယောက်နဲ့တယောက် ခပ်ခွာခွာနေပေးပါ။

အိမ်ကို ဧည့်သည်လာတာ လက်မခံပါနဲ့။ ကိုယ့်မိသားစုလည်း အခြားသူအိမ် လုံးဝအလည်မသွားပါနဲ့။ လက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်ပါ။
တစ်စိမ်းတွေနဲ့ မဖြစ်မနေ ပြောဆိုဆက်ဆံရမယ့်အခါမှာ အနီးကပ်မနေပါနဲ့။ အနည်းဆုံး ၃ ပေ အကွာကနေပဲ ပြောပါ။
အဲ့လောက်မလိုပါဘူး၊ အပိုတွေပါလို့ မတွေးပါနဲ့။ ကိုယ့်ဆီ၊ ကိုယ့်မိသားစုဆီကို ရောဂါရောက်မလာဖို့ အပြည့်အဝကာကွယ်ရမှာ ကိုယ့်တာဝန်ပါပဲ။ Covid 19 ပျောက်တဲ့ဆေးဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် ဟိုဟာသောက်ရင်ပျောက်တယ်၊ ဒီဟာစားရင်ပျောက်တယ်ဆိုတာတွေကို မယုံပါနဲ့။ အဓိကလိုက်နာရမယ့် အချက်တွေကိုသာ သေချာလိုက်နာရင် Covid 19 ကို ကာကွယ်နိုင်ပါတယ်။ ဒီရောဂါက ကိုယ်တစ်ယောက်ထဲ ကာကွယ်နေလို့ မကူးတာမျိုးမဟုတ်ပါဘူး၊ မိသားစုတစ်ခုလုံး ကာကွယ်မှသာ မကူးစက်မှာပါ။