လူတစ်ယောက် Depression ဝင်နေပြီဆိုရင် အမြဲတမ်း တစ်ယောက်ထဲနေပြီး ဟိုတွေးဒီတွေးနဲ့ လျှောက်တွေးနေတတ်ပါတယ်။ အဲ့လိုအတွေးလွန်တာ ကြောင့်ပဲ ပိုပြီးတော့ စိတ်ဓာတ်ကျစေတယ်။ စိတ်အားငယ်စေတယ်။ ဝမ်းနည်းစေပါတယ်။ ဒါကြောင့် Depression ဝင်နေချိန်မှာ စိတ်တည်ငြိမ်သွားအောင် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလမ်းတွေက သင့်စိတ်ကို အဆင်ပြေသွားအောင် ကူညီပေးနိုင်မှာပါ။

ယောဂကျင့်ပါ

ယောဂကျင့်တာကတော့ စိတ်အရမ်းတည်ငြိမ်စေတယ်။ အာရုံစုစည်းပြီး သေချာလုပ်ရတာဖြစ်လို့ စိတ်မပျံ့လွင့်ဘူး။ ဟိုတွေးဒီတွေးလည်း လျှောက်မတွေးမိတော့ဘူး။ ဒါကြောင့် Depression ဝင်ရင်ပဲဖြစ်ဖြစ်၊ စိတ်ညစ်ရင်ပဲဖြစ်ဖြစ်၊ စိတ်တိုရင်ပဲဖြစ်ဖြစ် ယောဂကျင့်ပါ။

ပြေးပါ

ပြေးတဲ့လေ့ကျင့်ခန်းက စိတ်ထွက်ပေါက်တစ်ခုလိုပါပဲ။ စိတ်အရမ်းရှုပ်နေရင်၊ စိတ်တိုပြီး စိတ်ညစ်နေရင်၊ Depression ဝင်နေရင် ဘာမှမလုပ်ချင်တော့တဲ့အခါ ထသာပြေးလိုက်ပါ။ စိတ်ပေါ့ပါးပြီး တစ်ခဏလောက် နေလို့ကောင်းသွားပါလိမ့်မယ်။

ဒိုက်ထိုးပါ

ဒိုက်ထိုးတာကလည်း အပြေးလေ့ကျင့်ခန်းလိုပါပဲ။ စိတ်ပေါ့ပါးသွားစေတယ်။ အရမ်းစိတ်ညစ်ပြီး စိတ်ရှုပ်နေရင်၊ Depression ဝင်နေရင် ကြာကြာလေးနဲ့ မြန်မြန်လေးသာ ဒိုက်ထိုးလိုက်ပါ။

photo source: www.freepik.com