အားလုံးပဲ့ မဂ်လာပါ MyStyle Myanmarပရိသတ်ကြီးတို့ရေ…ဒီနေ့ဝေမျှပေးချင်တဲ့အကြောင်းအရာလေးကတော့ ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်က ဘယ်လောက်တောင်ဆိုးရွားလဲဆိုတာကို ကြုံဖူးတဲ့သူမှသာသိပါလိမ့်မယ်။ သူမရှိတော့ရင်ဆိုတဲ့ အတွေးနဲ့တောင် ခံစားရတတ်ကြတာဆိုတော့ တကယ်လက်တွေ့ ကိုယ့်ဘဝထဲက ထွက်သွားခဲ့ရင် ကိုယ့်ဘဝက ဘာမှအဓိပ္ပါယ်မရှိတော့ဘူးဆိုတဲ့ခံစားချက်တွေနဲ့ နေ့ရက်တိုင်းမှာစိတ်ဆင်းရဲပြီး ဘာမှမလုပ်နိုင်တော့ပဲ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးသွားတဲ့အခါမှာ အမြန်ဆုံးစိတ်သက်သာရာရအောင် ဒီအချက်လေးတွေကိုပဲ အဓိကထားပြီး လိုက်လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ…

ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့ ဘယ်သူနဲ့မှစကားမပြောချင်တော့ပဲ တစ်ယောက်ထဲနေချင်လာမယ်။ တစ်ယောက်ထဲ စိတ်မကောင်းစရာတွေ လျှောက်တွေးပြီး သူနဲ့ပျော်ခဲ့တာတွေကိုပါပြန်တွေးပြီး ဝမ်းနည်းနေတတ်ပါတယ်။ ဒါကတော့ တော်တော်များများလုပ်နေကျပါ။ အမှန်တော့ ဒီလိုလုပ်တာတွေက ကိုယ့်အတွက်မကောင်းပါဘူး။

သူငယ်ချင်းတွေနဲ့ အချိန်ကုန်ပါ

Source: Good Housekeeping

သူငယ်ချင်းတွေအများကြီးနဲ့ နေသင့်ပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမှာ မုန့်တွေစား၊ ဟာသတွေပြောပြီး ဟာသကားတွေကြည့်တာမျိုးပဲလုပ်ပါ။ ဒီလိုနေတာဟာ စိတ်ညစ်စရာတွေကို မစဉ်းစားမိတော့ပဲ ပျော်ရွှင်မှုကိုရရှိစေပါတယ်။ အထီးကျန်တယ်ဆိုတဲ့ခံစားမှုကိုလည်း ရမှာမဟုတ်တော့ပါဘူး။

ခရီးထွက်ပါ

Source: Inspirationfeed

ကိုယ်ချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရပြီဆိုရင် တစ်ချိန်လုံးခံစားနေမယ့်အစား လှပပြီးအေးချမ်းတဲ့ နေရာဒေသလေးတွေကို ခရီးထွက်ပါ။ သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ ကိုယ့်မောင်နှမတွေနဲ့ဖြစ်ဖြစ် ခရီးထွက်ပါ။ အေးအေးဆေးဆေးခရီးအကြာကြီးထွက်ပြီး နားနားနေနေနေပါ။ စိတ်အရမ်းလန်းဆန်းပြီး ပျော်ရွှင်မှုတွေ၊ အေးချမ်းမှုတွေကို ရရှိစေမှာပါ။ နောက်ထပ်အားသာချက်တစ်ခုကတော့ ခရီးထွက်ပြီးရင် အနည်းနဲ့အများတော့ စိတ်သစ်လူသစ်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခရီးထွက်ဖို့မမေ့ပါနဲ့။

အလှပြင်ပါ

Source: 29Secrets

နောက်တစ်ချက်အနေနဲ့ကတော့ မိန်းကလေးဆိုရင် အလှပြင်ပါ။ အရင်ထက်ပိုလှအောင် အကုန်ပြောင်းလဲပြင်ဆင်ပါ။ ဆံပင်ပုံစံတွေကအစ အရင်နဲ့မတူတော့အောင် ပြောင်းလဲပါ။ မိန်းကလေးတွေဟာ Cosmetics တွေများဝယ်ရမယ်ဆိုရင် အရမ်းကိုပျော်နေကြတာပါ။ ဒီတော့ Cosmetics တွေဝယ်၊ အလှတွေပြင်ပြီး ခေါင်းစခြေဆုံး အရင်နဲ့မတူတော့ပဲ ပိုလှသွားအောင် နေထိုင်ပါ။

အားကစားတစ်ခုခုလုပ်ပါ

Source: The Active Times

စိတ်ကြည်လင်လန်းဆန်းနေဖို့နဲ့ ကျန်းမာလှပစေဖို့ Gym ဆော့တာပဲ့ဖြစ်ဖြစ် အားကစားတစ်ခုခုကိုပဲ့ဖြစ်ဖြစ် မဖြစ်မနေလုပ်ပေးပါ။ Gym ဆော့တာနဲ့ Yoga လုပ်တာတွေက စိတ်ကိုအရမ်းလန်းဆန်းစေပါတယ်။ ကျန်းမာရေးလည်းကောင်းတော့ စိတ်ချမ်းသာရတာပေါ့။ နောက်ပြီး ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားရအောင် ပိုလှလာအောင်လည်း ကစားလို့ရပါသေးတယ်။ ကိုယ့်ခန္ဓာကိုယ်လေးလှလာတော့၊ ကိုယ်လိုချင်တဲ့ပုံစံတိုင်းလေးဖြစ်လာတော့ မှန်ကြည့်တိုင်းလည်း စိတ်ချမ်းသာရတာပေါ့။ ဒီလိုလုပ်ပေးရင် အရမ်းချစ်တဲ့သူကိုဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတဲ့စိတ်တွေကို သက်သာရာရောက်စေပါတယ်နော်။