အားလုံးပဲမဂ်လာပါနော်။ MyStyle Myanmar Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်. ဒီနေ့ကတော့ အသက်ရှင်နေစဉ်မှာ တစ်ခါလောက်ပဲဖြစ်ဖြစ် လုပ်ကိုလုပ်ကြည့်သင့်တဲ့ အရာလေးတွေ ပြောပြပေးချင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ဒါတွေကို အသက်တွေကြီးသွားတဲ့အထိ မလုပ်ဖူးလိုက်ဘူးဆိုရင်တော့ တကယ့်ကို နှမြောစရာကောင်းမှာပါ။ တစ်ခါတစ်လေမှာ စွန့်စွန်းစားစား အရာလေးတွေကို လုပ်ကြည့်လိုက်မှ ဘဝက ရင်ခုန်စရာကောင်းပြီးပိုပျော်စရာကောင်းတယ်ဆိုတာ ဒီအချက်လေးတွေလုပ်ကြည့်ရင် သင်လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။
ကဲ..ဒါဆိုရင် ဘယ်လိုအချက်များက စိတ်လှုပ်ရှားစရာကောင်းပြီး စွန့်စွန့်စားစားလုပ်သင့်သလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်..

တစ်ယောက်တည်း ခရီးထွက်ကြည့်ပါ

ကိုယ်သွားချင်တဲ့ နေရာတစ်ခုကို အဖော်တစ်ယောက်မှမပါပဲ တစ်ယောက်တည်း ကျောပိုးအိတ်လေးတစ်လုံးနဲ့ ခရီးထွက်ကြည့်ပါ။ ဒါက သင့်အတွက် စိစိတ်လှုပ်ရှားစရာကောင်းပြီး အတွေ့အကြုံအသစ်တွေကို ပေးစွမ်းမှာဖြစ်သလို ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကိုလည်း သင်ပြပေးမှာပဲဖြစ်ပါတယ်။

ပိုက်ဆံစုပါ

ပိုက်ဆံစုတယ်ဆိုတာဟာ တကယ်တမ်းတော့ ကြီးမားတဲ့စွန့်စားမှုတစ်ခုပါပဲ။ အပြောလွယ်သလောက် တကယ်တမ်းပိုက်ဆံစုပြီးဆိုရင် လက်တွေ့ဖြစ်လာဖို့ အခက်အခဲလေးတွေပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ဘဝက ပိုက်ဆံရှိမှ ကိုယ်လုပ်ချင်တာတွေကိုလုပ်လို့ရမှာဖြစ်တဲ့အတွက် အလုပ်တွေကြိုးစားပြီး ပိုက်ဆံစုပါနော်။ကိုယ့်မှာ ကိုယ်တိုင်ရှာလို့ရတဲ့ ပိုက်ဆံတွေရှိလာတဲ့အခါ ဘဝကြီက ပိုသာယာလာပါလိမ့်မယ်။

ကော်ဖီဆိုင်မှာ စာအုပ်တစ်အုပ်နဲ့ အချိန်ကုန်ဆုံးကြည့်ပါ

တစ်ရက်တစ်လေလေး ဖုန်းလေးပိတ်ပြီး ကျန်တဲ့အလုပ်ကိစ္စတွေခေါင်းထဲကထုတ်ပြီး ကော်ဖီလေးသောက်ရင်း ကိုယ်စိတ်ဝင်စားတဲ့စာအုပ်တစ်အုပ်ကိုဖတ်ပြီး အချိန်ကုန်ဆုံးပေးကြည့်ပါ။ သင့်ကို အပန်းပြေဖို့ အကောင်းဆုံးနည်းလေးတစ်ခုဆိုတာ သင်ရှာဖွေတွေ့ရှိသွားမှာပဲဖြစ်တယ်နော်။

ကိုယ်စားချင်တာတွေလျှောက်စားပြီး ဝယ်ချင်တာတွေဝယ်ပစ်လိုက်ပါ

ကိုယ်ချွေးနှဲစာနဲ့ ရှာထားတဲ့ ပိုက်ဆံလေးတွေကို နှမြောမနေပဲ တစ်ခါတစ်လေ ကိုယ်စားချင်တာတွေ လျှောက်စားပြီး ကိုယ်ဝယ်ချင်တာတွေကို ဘာမှမစဉ်းစားပဲ ဝယ်ပစ်လိုက်ပါ။ ဒါဟာ တစ်ခါတစ်လေမှာ သင့်အတွက် ဖြစ်သင့်တဲ့အရာတွေဖြစ်လို့ ဝယ်ပြီး နောင်တရတာမျိုးတွေလည်းမဖြစ်ပါနဲ့နော်။

ချစ်တဲ့သူတွေကို ချစ်ကြောင်းဖွင့်ပြောလိုက်ပါ

ကိုယ်ချစ်ရတဲ့ဘယ်သူပဲဖြစ်ဖြစ် ချစ်တယ်လို့ ဖွင့်ပြောဖို့ တွေဝေနေတယ်ဆိုရင် တုံ့ဆိုင်းမနေပဲ အခုပဲဖွင့်ပြောကြည့်လိုက်ပါနော်။ ဘာလို့လဲဆိုတော့ အချိန်တွေက အမြဲတမ်းကုန်ဆုံးနေတဲ့အတွက် အချိန်လွန်ပြီး မပြောလိုက်ရပဲ နောင်တရနေတာမျိုးမဖြစ်အောင် ကိုယ်ချစ်ရတဲ့သူတွေကို ချစ်တဲ့အကြောင်း ဖွင့်ပြောလိုက်ပါ။

Source; Brightside