ဘဝမှာ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တာကတော့ လူသားတိုင်းရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ မအိုဆေးစားထားသလို နုနယ်ပျိုပြစ်နေခြင်းကလည်း သူ့အလိုလို ဖြစ်တည်နေတာတော့ မဟုတ်ပါဘူးနော်။ ကျန်းမာတဲ့လူနေမှုပုံစံနဲ့အညီ နေထိုင်ပြီး အစားအသောက်ဆင်ခြင်ကာ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲကောင်းကျိုးလေးတွေပဲ့ ဖြစ်ပါတယ်။

စာဖတ်သူအနေနဲ့ အမြဲတမ်း ငယ်ရွယ်နုပျိုနေပြီး သက်ရှည်ကျန်းမာ‌ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် အလေ့အကျင့်ကောင်းတွေကို မွေးမြူပေးဖို့ လိုမယ်နော်။ ဘယ်လိုအလေ့အကျင့်ကောင်းတွေလဲဆိုတော့…

အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ

သင့် ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်ထက် ပိုစားမိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ စုပုံနေပြီး အဝလွန်ခြင်းနဲ့ အခြားနောက်ဆက်တွဲရောဂါများကို ခံစားရနိုင်ပါတယ်။ ကယ်လိုရီပမာဏကို တွက်ချက်စားသုံးခြင်းက သင့်ကို အသက်ရှည်စေမှာဖြစ်ပြီး ရောဂါဘယများမှလည်း ကာကွယ်ပေးပါလိမ့်မယ်။

ဟင်းသီးဟင်းရွက် များများစားပါ

Source: The Indian Express

ဟင်းသီးဟင်းရွက်တွေသာ စားသုံးတဲ့ သပ်သတ်လွတ်သမားများကို လေ့လာစမ်းသပ်ပြီးတဲ့နောက်မှာ ဟင်းသီးဟင်းရွက်များများစားတဲ့သူတွေက အရွယ်မတိုင်ခင် စောစီးစွာသေဆုံးမှုကို ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဟင်းရွက်များများစားတဲ့သူတွေက နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတဲ့ ရောဂါများ ခံစားရနိုင်ချေ ၂၉ ရာခိုင်နှုန်းမှ ၅၂ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ


Source:  Wallpaperflare

လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကို သက်ရှည်ကျန်းမာစေတယ်ဆိုတာကတော့ ထူးဆန်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ တစ်ပတ်ကို ၁၅၀ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကတော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တစ်နေ့ကို ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင်တောင် သင့်ကို အသက် ၃ နှစ်ခန့် ပိုရှည်စေမှာပဲဖြစ်ပါတယ်။

မိမိကိုယ်ကို ပျော်ရွှင်အောင်ထားပါ

Source : Pinterest

သင့်ရဲ့ ပျော်ရွှင်မှုက သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ပျော်ရွှင်ခြင်းက သင့်ကို စိတ်ခံစားချက်ကောင်းတွေ အတွေးအခေါ်ကောင်းတွေ ဆောင်ကျဉ်းပေးရုံသာမကဘဲ သင့်ရဲ့ လူ့သက်တမ်းကိုလည်း ဆွဲဆန့်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုများ စိတ်လှုပ်ရှားမှု လွန်ကဲခြင်းတို့ကို တတ်နိုင်သလောက် လျော့ချပါ

Source: RxWiki

စိတ်လှုပ်ရှားမှု လွန်ကဲတဲ့ အမျိုးသမီးများ (သို့) စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးများက နှလုံးရောဂါ (သို့) အဆုတ်ကင်ဆာရောဂါတို့နဲ့ သေဆုံးရနိုင်ချေ အလွန်မြင့်မားပါတယ်။ တကယ်လို့ သင့်မှာ စိတ်ဖိစီးမှုများနေတယ်ဆိုရင် ရယ်မောစရာများနဲ့ စိတ်အပြောင်းအလဲဖြစ်အောင် ပြုလုပ်ပါ။ အကောင်းမြင်စိတ်များ မွေးမြူလိုက်ပါ။

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် လေ့ကျင့်ပါ

Source: Detox Center of Colorado

သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနဲ့ လိုက်လျောညီထွေစွာပေါင်းသင်းဆက်ဆံတတ်ခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေပါတယ်။