Body scrub လုပ်ပြီးရင် အသားအရေက အရမ်းကိုနူးညံ့သွားတဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်။ Body scrub လုပ်ပြီးရင် ဘာတွေမလုပ်ရဘူးလဲဆိုတာကို သိပြီးသားသူတွေလည်းရှိသလို၊ မသိသေးတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် မသိသေးတဲ့သူတွေလည်း သိသွားပြီးတော့ ဆင်ခြင်လို့ရအောင် Body scrub လုပ်ပြီးရင် လုံးဝမလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။
Lotion မလိမ်းပဲမနေပါနဲ့
Body scrub လုပ်ပြီးရင် lotion လိမ်းကိုလိမ်းရပါမယ်။ လိမ်းရင်တောင်မှ အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ lotion မျိုးကို လိမ်းပေးရပါမယ်။ Body scrub လုပ်ပြီး lotion သေချာမလိမ်းဘူးဆိုရင်တော့ အသားတွေခြောက်လာမယ်၊ အသားရေက ထိခိုက်လွယ်လာမယ်၊ အရင်ထက်လဲပိုပြီး မဲညစ်ညစ်ဖြစ်လာပါလိမ့်မယ်။
နေပူထဲမထွက်ပါနဲ့
Body scrub လုပ်ပြီးရင် အသားအရေက အရမ်းကို နူးညံ့သွားတဲ့အတွက် နေပူထဲထွက်တာကို အထူးဂရုပြု ရှောင်ကြဉ်ရပါမယ်။ မဖြစ်မနေထွက်ရမယ်ဆိုရင်တောင် လက်ရှည်ဝတ်ပါ။ ထီးဆောင်းပါ။ body scrub လုပ်ပြီး နေပူထဲသွားရင် အသားလည်းပိုမဲပါတယ်။ ဒါကြောင့် အကောင်းဆုံးက body scrub ကို ညဘက်၊ ညနေဘက်ပဲ လုပ်ပါ။ body scrub လုပ်ပြီး ၃ ရက်လောက်ကတော့ အပြင်ထွက်ရင် သေချာဂရုစိုက်ပေးပါ။
Shaving မလုပ်ပါနဲ့
Body scrub လုပ်ပြီးချိန်မှာ shaving လုံးဝမလုပ်သင့်ပါဘူး။ အသားအရေထိခိုက်စေပါတယ်။ အသားအရေက အရမ်းနုသွားတဲ့အတွက် shaving လုပ်နေချိန် မတော်တဆ ဓားထိသွားရင် ပိုးဝင်လွယ်ပါတယ်။
ရေနွေးနဲ့ရေမချိုးပါနဲ့
Body scrub လုပ်ပီးချိန်မှာ ဘယ်လောက်အေးအေး ရေးနွေးနဲ့ လုံးဝရေမချိုးပါနဲ့။ အဲ့အချိန်မှာ ရေနွေးနဲ့ချိုးလိုက်မယ်ဆိုရင်တော့ အသားတွေပိုခြောက်သွားမယ်။ အသားအရေလည်း အရမ်းကို ထိခိုက်ပျက်စီးနိုင်ပါတယ်။
photo source: www.freepik.com