တကယ်ကို စိတ်ချမ်းသာပြီး ပျော်ရွှင်ရတဲ့ အချစ်ရေးကိုပဲ လိုချင်တယ်ဆိုရင်တော့ လုံးဝမတွဲသင့်တဲ့သူတွေ ရှိပါတယ်။ ဒီလိုမတွဲသင့်တဲ့သူတွေကိုတွဲပြီး စိတ်ဆင်းရဲနေရမယ့်အစား တစ်ယောက်ထဲနေတာကမှ ပိုအေးချမ်းပါတယ်။ ဒါကြောင့် စိတ်ချမ်းသာရတဲ့အချစ်ရေးကို လိုချင်ရင်တော့ ဒီလိုလူတွေနဲ့မတွဲပါနဲ့။

လိမ်ညာလွန်းတဲ့သူ

လိမ်ညာတတ်လွန်းတဲ့သူဆိုတာ မသိလို့တွဲမိရင်တော့ အရမ်းပုံအောပြီး မချစ်လိုက်ပါနဲ့လို့ပဲ ပြောလို့ရမှာပါ။ တကယ်လို့ အဖြေမပေးခင်၊ ရည်းစားမဖြစ်ခင်ထဲက သူက အရမ်းလိမ်ညာတတ်ပြီး အကွက်ရွေ့တတ်တဲ့သူမှန်းသိရင်တော့ ကိုယ့်ကိုယ်ချစ်တဲ့စိတ်နဲ့ ပြင်လာမလားလို့ မျှော်လင့်ပြီး မတွဲလိုက်ပါနဲ့။ လိမ်ညာတတ်လွန်းတဲ့သူနဲ့တွဲရင် ကိုယ်ပဲစိတ်ညစ်ရမယ်၊ ပြဿနာတွေတက်ပြီး ခဏခဏရန်ဖြစ် စကားများရလို့ ပျော်ရွှင်ရမှာ၊ စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။

ပွေရှုပ်တဲ့သူ

ပွေရှုပ်တတ်တဲ့သူနဲ့တွဲရင်တော့ ဘယ်လိုမှစိတ်ချမ်းသာ ပျော်ရွှင်ရမှာ မဟုတ်ဘူးဆိုတာကို လူတိုင်းသိပါတယ်။ ချစ်တဲ့စိတ်နဲ့ ခေါင်းမာပြီး တွဲနေကြတာပါ။ ဒါကြောင့် ကိုယ်က တကယ်ပျော်ရွှင်ချင်တာဆိုရင် ဒီလိုလူမျိုးကို ရှောင်မှဖြစ်မှာပါ။

တစ်ကိုယ်ကောင်းအရမ်းဆန်တဲ့သူ

တကိုယ်ကောင်းအရမ်းဆန်တဲ့သူတွေက သူတို့အတွက်ပဲ သူတို့သိတာပါ။ တစ်ဖက်လူအတွက်တွေးပေးတာ၊ စဉ်းစားပေးတာမျိုးမရှိတဲ့အတွက် သင်ဘာဖြစ်ဖြစ် ဂရုစိုက်မှာမဟုတ်ပါဘူး။ သူတို့လုပ်ချင်တာလုပ်မယ့်သူမျိုးတွေပါ။ ဒီလိုလူမျိုးနဲ့တွဲရင်တော့ သေချာပေါက်နာကျင်ရမယ်၊ စိတ်ညစ်ရမယ်။ ခဏခဏရန်ဖြစ်စကားများရပါလိမ့်မယ်။