ဆံသားဘယ်လောက်ပဲ ထူပြီးဖြောင့်စင်းနေပါစေ ဆံပင်အဖျားမှာ နှစ်ခွဖြစ်ပြီးပျက်စီးနေပြီဆိုရင်တော့ ဘယ်လိုမှကြည့်ကောင်းတော့မှာ မဟုတ်တော့ပါဘူး။ တော်တော်များများလုပ်တတ်ကြတာက ဆံသားတွေအောက်ဖျားမှာ နှစ်ခွဖြစ်လာပြီဆိုတာနဲ့ ကတ်ကြေးနဲ့ညှပ်ပေမယ့်လည်း ပြီးတော့ပြန်ဖြစ်လာတာပဲဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့တော့လိုပြီပေါ့။

ဆံသားကို ရေဓာတ်ပြည့်ဝအောင် ထားပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဆံပင်တွေခြောက်သွေ့ပြီး အာဟာရဓာတ်နည်းနေတဲ့အခါမှာ ဆံသားကအလွယ်တကူပြတ်ကျနိုင်ပြီး ဆံသားတွေကိုလည်းနှစ်ခွတွေဖြစ်စေတာကြောင့် ဆံပင်အတွက် လိုအပ်တာတွေကို ဖြည့်တင်းပေးသင့်ပြီပေါ့။ ဆံသားအတွက်လိုအပ်နေတဲ့ အဆီတွေကိုသေချာလိမ်းပေးပြီး ဂရုစိုက်ပေးမယ်ဆိုရင်လည်း ဆံပင်တွေကိုပြန်လည် ကောင်းမွန်လာစေမှာပါ။

ပူပြင်းတဲ့အချိန်မှာ ထပ်ပြီးတော့အသုံးပြုဖြစ်သွားတဲ့ ဆံပင်ပြင်ဆင်တဲ့ ကိရိယာတွေကလည်း ဆံသားကိုဆိုးဆိုးရွားရွားပျက်စီးစေတာပေါ့။ ဆံပင်ကိုအပူပေးတဲ့ကိရိယာတွေနဲ့ ထိတွေ့တာများလာတဲ့အချိန်မှာတော့ ဆံသားကိုခြောက်သွေ့လာစေပြီး အဖျားတွေကိုလည်းနှစ်ခွဖြစ်လာစေပါတယ်။


ရေနွေးနဲ့ ခေါင်းလျှော်တတ်တဲ့ အကျင့်ကိုလည်း ဖျောက်ပေးဖို့လိုပါပြီနော်။ ရေနွေးနဲ့ခေါင်းလျှော်တာက ဆံသားအတွက်ကောင်းမယ်လို့ထင်နေပေမယ့် လုံးဝမှားယွင်းမှုပါပဲ။ ရေနွေးကဆံသားကို အားယုတ်လျော့စေတာကြောင့် အလွယ်တကူပျက်စီးစေနိုင်တာပေါ့။