Internet မှာ နာမည်ကြီးပြီး Popular ဖြစ်နေတဲ့ DIY နည်းလမ်းတွေ၊ Beauty Tips တွေကတော့ အများကြီးပါပဲ။ တကယ်ထိရောက်တာတွေလည်း ရှိသလို၊ သိပ်မထိရောက်တာတွေလည်း ရှိပါတယ်။ အဲ့ထဲမှာမှ တချို့ Beauty Tips တွေက မလုပ်သင့်တဲ့ အမှားတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဆင်ခြင်လို့ရအောင် Popular ဖြစ်တဲ့ Internet Beauty Tips တွေထဲမှာမှ မလုပ်သင့်တဲ့ Tips 5 ခုကို မျှဝေပေးလိုက်ပါတယ်။

Beauty Tip 1

တချို့ Internet Beauty Tip တွေထဲမှာ သွားတိုက်ဆေးနဲ့ နှုတ်ခမ်းကို Peeling လုပ်တာမျိုး ရှိပါတယ်။ တကယ်တော့ နှုတ်ခမ်းသားက နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် သွားတိုက်ဆေးကို သွားပွတ်တံနဲ့ယူပြီး နှုတ်ခမ်းကို ပွတ်တိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ နှုတ်ခမ်းသားပျက်စီးပြီး စပ်တာ၊ အနာဖြစ်တာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Beauty Tip 2

ဆံပင်သန်ဖို့အတွက် Mustard Mask နဲ့ ပေါင်းတင်တာမျိုးကလည်း လုံးဝမလုပ်သင့်တဲ့ Beauty Tip တစ်ခုပါပဲ။ Mustard က အခန့်မသင့် မျက်နှာကိုပေသွားရင် အသားအရေ နီမြန်းတာ၊ အသားလောင်သလိုဖြစ်တာ၊ Allergic ထတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် သူ Allergic ကြောင့် မျက်စိရောင်တာ၊ ချောင်းဆိုးတာတွေပါ ဖြစ်တတ်ပါတယ်။

Beauty Tip 3

လွဲမှားနေတဲ့ နောက်ထပ် Beauty Tip တစ်ခုကတော့ မျက်နှာလိမ်းတဲ့ Cream ထဲကို Basic Oils တွေဖြစ်တဲ့ သံလွင်ဆီ၊ အုန်းဆီ စတာတွေကို ရောထည့်လိမ်းတာပါပဲ။ ဒါက လုံးဝမလုပ်သင့်တဲ့ Beauty Tip မျိုးပါ။ အသားအရေ ပျက်စီးပြီး ဖုတွေထွက်လာတာ၊ ဝက်ခြံ၊ အဆီဖုတွေ ထွက်လာတာ၊ Allergic တွေထလာတာမျိုး ဖြစ်သွားနိုင်ပါတယ်။

Beauty Tip 4

နောက်ထပ်မလုပ်သင့်တဲ့ Beauty Tip ကတော့ မျက်နှာအတွက် Peeling လုပ်ဖို့ မုန့်ဖုတ်ဆိုဒါကို သုံးတာပါပဲ။ နှာခေါင်းဆားဝက်ခြံအတွက် မုန့်ဖုတ်ဆိုဒါကို သုံးတာလောက်က ဘာမှမဖြစ်ပေမယ့် မျက်နှာတစ်ပြင်လုံးကို Peeling လုပ်ဖို့သုံးတာကျတော့ အန္တရာယ်များပါတယ်။ အသားခြောက်တာ၊ အသားအရေနီမြန်းပြီးစပ်တာ၊ အသားအရေ ထိခိုက်လွယ်ကုန်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

Beauty Tip 5

အဆိုးရွားဆုံးဖြစ်တဲ့ Beauty Tip ကတော့ ဆံသားတောက်ပြောင်ဖို့ ဆပ်ပြာမှုန့်ကိုသုံးတဲ့ Beauty Tip ပါပဲ။ ဒီ Beauty Tip ကို ရှိမှန်းတောင်မသိတဲ့သူတွေလည်း အများကြီးရှိမှာပါ။ သိရင်တောင်မှ “ဒီလိုလုပ်လို့ရတာ တကယ်လား” ဆိုပြီး နည်းနည်းလေးတောင် စမ်းလုပ်ကြည့်ဖို့ မစဉ်းစားပါနဲ့။ လုံးဝမလုပ်သင့်ပါဘူး။ အဝတ်လျှော်တဲ့ ဆပ်ပြာမှုန့်က လက်နဲ့ထိတွေ့တာ ကြာရင်တောင် လက်ပူတာတွေ ဖြစ်တတ်တာပါ။ ဆံပင်အတွက်သုံးမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာ၊ ဦးရေပြားခြောက်တာ၊ စပ်ပြီးယားယံတာ၊ ဗောက်ထတာတွေအပြင် တခြားပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။