အရင်ကထက် ပိုလှလာတာ၊ အရင်နဲ့ မတူဘဲ ပုံစံပြောင်းလဲသွားသူတွေကို သင်မြင်ဖူးမှာပါ။ ဒီလိုလူတွေက နေ့ချင်းညချင်း ပြောင်းလဲသွားတာမဟုတ်ပါဘူး။ အလေ့အကျင့်ကောင်းတွေကို တဖြည်းဖြည်း အလေ့အကျင့်ရအောင် ပျိုးထောင်ရင်း ပြောင်းလဲလာကြတာပါ။ တိုးတက်မှုတိုင်းက အချိန်ယူရပါတယ်။ အချိန်မယူရတဲ့ ပြောင်းလဲခြင်းမျိုးက တာရှည်ခံလည်း ခဏပါပဲ။ သင်က ပြောင်းလဲချင်တယ်ဆိုရင် အလေ့အကျင့်ကောင်းတွေကို နေ့စဉ် ပြုလုပ်သွားမှ အဆင်ပြေမှာပါ။ အခုဖော်ပြမယ့် အလေ့အကျင့်တွေကတော့ ပြောင်းလဲချင်သူတိုင်းမှာ ရှိသင့်တဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။

၁။ စောစော အိပ်တာ၊ စောစောထတာ

ညဘက် စောစော အိပ်တဲ့အခါ နောက်တစ်နေ့ မှာ စိတ်ချမ်းချမ်းသာသာ နိုးထနိုင်ပါတယ်။ မနက်စောစော နိုးတာကြောင့် ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စေပါတယ်။

၂။ အပြင်စာ မစားဘဲ အိမ်ချက်ပဲ ကြိုက်တာ

ပြင်ပ အစားအသောက်တွေက အဆီ၊ အချို ဘယ်လောက်ပါလဲ မသိရပါဘူး။ ကိုယ်တိုင်လုပ်တဲ့ အစားအသောက်တွေကပဲ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စိတ်ချရတာပါ။ ဝိတ်မတက်ချင်သူတွေ အနေနဲ့လည်း အပြင်စာကို လျှော့စားပြီး ကိုယ့်အိမ်မှာပဲ ချက်စားသင့်ပါတယ်။

၃။ ပုံမှန်လေ့ကျင့်ခန်း လုပ်တာ

အမြဲ လေ့ကျင့်ခန်း လုပ်ပေးတဲ့အခါ ပြင်ပ ရောဂါဝင်ဖို့ အခွင့်အလမ်း နည်းသွားစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာကြောင့် နဂိုထက် ကျန်းမာပြီး သင့်ပုံစံ ပြောင်းလဲလာပါလိမ့်မယ်။ မှန်မှန်လုပ်သွားဖို့တော့ လိုပါတယ်။

၄။ ရေလုံလုံလောက်လောက်သောက်တာ

အားအား မအားအား ရေကတော့ ပုံမှန် လုံလုံလောက်လောက် သောက်သင့်ပါတယ်။ ရေများများ သောက်ပေးမှ သင်လိုချင်တဲ့ Glow Skin.. ဝမ်းပုံမှန်သွားတာ စတဲ့ ကောင်းကျိုးတွေ ရလာမှာပါ။

၅။ ကိုယ်လုပ်တာအတွက် ကိုယ်တာဝန်ယူတာ

ကိုယ်လုပ်ခဲ့တဲ့ အရာအတွက် ကိုယ်တာဝန်ယူသင့်ပါတယ်။ သင်အခု လုပ်နေတဲ့ အလုပ်အတွက် အနာဂတ်မှာ ဖြစ်လာမယ့် သင့်ပုံစံအတွက် တာဝန်ယူပြီး ပိုတော်အောင် ကြိုးစားသွားသင့်ပါတယ်။

၆။ ကိုယ့်အတွက် အချိန်ပေးပါ

ကိုယ့်အတွက် အချိန်ပေးတယ်ဆိုတာ ကိုယ့်အကြောင်းကိုယ် စဉ်းစားတာ၊ ကိုယ်ဘာလိုအပ်နေလဲ တွေးတာ၊ ကိုယ့်ကိုကိုယ် ပြန်ကြည့်တာ စတဲ့ အရာတွေ ပါဝင်ပါတယ်။

၇။ နေ့တိုင်း စာနည်းနည်းစီ ဖတ်တာ

သင့်အနေနဲ့ လုံးဝ မအားရင်တောင် အရင်ကထက် အသိဉာဏ်ပြည့်ဝဖို့ စာအုပ်ဖတ်သင့်ပါတယ်။ တစ်နေ့ကို စာအုပ် ၁၀ မိနစ် ဖတ်ရင်တောင် လုံလောက်ပါတယ်။ အဓိကက နေ့တိုင်း ဖတ်ဖို့ပါ။

၈။ ကိုယ့်တစ်နေ့တာကို အစီအစဉ်ချတာ

ဒီနေ့မှာ ဘာတွေ လုပ်မလဲ Schedule ဆွဲသင့်ပါတယ်။ အစီအစဉ်တကျ ပြုလုပ်တတ်သူက ကိုယ်ပိုင် စီးပွားရေးလုပ်တဲ့အခါ တခြားသူတွေထက် ခြေတစ်လှမ်း သာနေတတ်ပါတယ်။

၉။ ရေရှည် ပန်းတိုင်၊ ရေတို ပန်းတိုင်

ဒီတစ်နေ့တာအတွင်း ဘယ်အလုပ်ပြီးစေရမယ်၊ တစ်နှစ်အတွင်း ငွေဘယ်လောက်စုမိရမယ် စသဖြင့် ရေတိုပန်းတိုင်၊ ရေရှည်ပန်းတိုင် ချမှတ်သင့်ပါတယ်။ ဒီလိုချမှတ်မှ သင်အသက်မကြီးခင်မှာ အောင်မြင်လာမှာပါ။ ဒါ့အပြင် နဂိုထက် ပိုပြောင်းလဲလာမှာပါ။

၁၀။ အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဒီအချိန်မှာ ကိုယ့်အတွက် ဘယ်အရာက အရေးကြီးလဲ သိနေသင့်ပါတယ်။ အရေးမပါတဲ့ အလုပ်တွေအတွက် အချိန်မပေးတာက ကိုယ့်အတွက် ရေရှည်မှာ သိသိသာသာ ပြောင်းလဲစေလာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar