ခန္ဓာကိုယ် သွယ်လျလှပချင်တာကတော့ မိန်းကလေးတိုင်းရဲ့အိပ်မက်ပဲဖြစ်ပါတယ်။ ဒီအိပ်မက် ပြည့်ဝဖို့အတွက် ကူညီပေးနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းအချို့ရှိပါတယ်။ အချိန်အနည်းငယ်ပေးပြီး ဆော့ကစားပေးရုံဖြင့် ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာပါလိမ့်မယ်။

တင်ပါး ကိတ်စေယ့် လေ့ကျင့်ခန်း နှစ်မျိုး

ပုံပါအတိုင်း လက်နှစ်ဖက်ကို ပုခုံးအောက်မှာထောက်ထားပြီး ဒူးနှစ်ဖက်ကိုလည်း တင်ပါးအောက်တည့်တည့်မှာ ထောက်ထားပါ။ ထို့နောက် ညာခြေကို ပုံပါအတိုင်း အပေါ်သို့ ပင့်တင်လိုက်ပါ။ ၁၅ ကြိမ်ခန့် ပြုလုပ်ပြီးနောက် ဘယ်ခြေလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၃ ကြော့စီ ပြုလုပ်ပါ။

အသင့်အနေအထားအဖြစ် ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်မှာ ထားထားပြီး လှဲလျောင်းနေပါ။ ဒူးကွေးထားပါ။ ထို့နောက် တင်ပါးကို ပုံပါအတိုင်းအပေါ်သို့ ပင့်တင်လိုက်ပါ။ ၂ စက္ကန့်ခန့် တောင့်ထားပြီးနောက် မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၅ ကြိမ် ၃ ကြော့စီ ပြုလုပ်ရပါမယ်။

ရင်သားလှစေမယ့် လေ့ကျင့်ခန်း နှစ်မျိုး

ခန္ဓာကိုယ်ကို ဒိုက်ထိုးမယ့်အနေအထားဖြင့် အသင့်ပြင်ထားပါ။ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ အသက်ရှုသွင်းလိုက်တဲ့အချိန်မှာ တံတောင်ကို ထောင့်မှန်ဖြစ်သွားအောင် ကွေးချလိုက်ပါ။ အသက်အရှုထုတ်လိုက်တဲ့အချိန်မှာ တံတောင်ကို ပြန်ဆန့်တန်းလိုက်ပါ။ မိမိလုပ်နိုင်တဲ့ အကြိမ်ရေအထိ ပြုလုပ်လိုက်ပါ။

ဒီလေ့ကျင့်ခန်းပြုလုပ်ဖို့ရန်အတွက် အလေးတုံးနှစ်တုံး လိုအပ်ပါလိမ့်မယ်။ ပုံပါအနေအထားအတိုင်း အသင့်ပြင်ထားပါ။ အသက်ရှုထုတ်လိုက်တဲ့အချိန်မှာ အလေးတုံးနှစ်ခုကို ရင်ဘတ်ရှေ့မှာ ပြန်စုထားလိုက်ပါ။ ထို့နောက် အသက်ရှုသွင်းလိုက်တဲ့အချိန်မှာ အလေးတုံးနှစ်ခုကို ခန္ဓာကိုယ် ဘေးဘက်သို့ ကားလိုက်ပါ။

ခါးနှင့် ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားပေးမယ့် လေ့ကျင့်ခန်း

ပုံပါအတိုင်း ဒူးခေါင်းကို ၉၀ ဒီဂရီ ထောင့်မှန် ကွေးထားပါ။ အသက်ပြင်းပြင်းရှုသွင်းပြီးနောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြမ်းပြင်ပေါ်ကနေ ကြွပေးလိုက်ပါ။ ပြီးရင် ညာတံတောင်က ဘယ်ဒူးနဲ့ ထိကပ်ပေးလိုက်ပါ။ ခန္ဓာကိုယ်ကို ပြန်လှဲလျောင်းပါ။ တစ်ဖန် ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြန်ကြွလိုက်ပြီး ဘယ်တံတောင်က ညာခြေဖြင့် ထိကပ်ပေးလိုက်ပါ။ ဘယ်ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ် ၃ ကြော့ ပြုလုပ်ရပါမယ်။

သွယ်လျလှပတဲ့ ခြေသလုံးနဲ့ ပေါင်တံလေး ပိုင်ဆိုင်စေမယ့် လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုချဲထားလိုက်ပါ။ ထို့နောက် ထိုင် ထ ပြုလုပ်ပေးရပါမယ်။ တင်ပါး နောက်ပစ်ပြီး ထိုင်တဲ့အချိန်မှာ ခြေဖနောင့်က ကြမ်းပြင်ပေါ်က ကြွလိုက်လို့မရပါဘူး။ ခြေဖနောင့်နဲ့ ကြမ်းပြင်က ထိကပ်နေရမှာဖြစ်ပြီး ပေါင်တံက ကြမ်းပြင်နဲ့ မျဉ်းပြိုင်ပုံသဏ္ဍာန်ဖြစ်နေရပါမယ်။

ထိုင်ထ ၁၅ ကြိမ် ၂ ကြော့ ပြုလုပ်ရပါမယ်။

ဒီလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးပါက သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Source: Brightside.me