ရည်းစားမထားတော့ပဲ Single အဖြစ်နဲ့ပဲ တစ်ယောက်ထဲနေသွားဖို့ ဆုံးဖြတ်ထားရင် ဒီအရာတွေကို လုပ်ကြည့်သင့်ပါတယ်။ ဒါတွေက သင့်ရဲ့ Single Life အတွက် စိတ်ချမ်းသာပျော်ရွှင်နိုင်ဖို့၊ အရင်ထက်အများကြီး ပိုတိုးတက်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။

ခရီးထွက်နိုင်သလောက်များများထွက်ပါ

တစ်ယောက်ထဲပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ခရီးတွေထွက်နိုင်သလောက် များများသာထွက်ပေးပါ။

အရင်ကဝါသနာပါခဲ့တာလေးတွေကိုပြန်လုပ်ပါ

အရင်က ဝါသနာပါခဲ့တာလေးတွေ၊ လုပ်ချင်ပေမယ့် မလုပ်ခဲ့ရတာလေးတွေကို တစ်ခုချင်းစီ ပြန်လုပ်ကြည့်ပါ။ စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။

သူငယ်ချင်းအသစ်တွေရှာပါ

ရည်းစားမထားလည်း သူငယ်ချင်းတော့ များများထားပါ။ သူငယ်ချင်းများလေ ကောင်းလေပါပဲ။ ကိုယ်နဲ့အရင်ထဲကခင်လာတဲ့ BFF တွေ၊ ကိုယ့်အပေါ်ကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာ ပိုကောင်းပေးပါ။ နောက်ထပ်လည်း သူငယ်ချင်းအသစ်တွေကို ရှာဖွေပါ။

ပရဟိတလုပ်ပါ

ပျော်ရွှင်ပြီးစိတ်ချမ်းသာစေဖို့ ပရဟိတ များများလုပ်ပါ။ ကိုယ်တတ်နိုင်လောက်၊ ကိုယ်လုပ်နိုင်သလောက် အမြဲပါဝင်ကူညီပေးပါ။

ကိုယ့်ရဲ့ Life Goals ကို ချရေးပြီး Plan ချပါ

ကိုယ်ဖြစ်ချင်တဲ့ ကိုယ်ရဲ့ Life Goals ကို တစ်ခုချင်းစီချရေးပြီး ဖြစ်မြောက်အောင်လုပ်ဖို့ Plan ချပါ။ ပြီးရင် ဖြစ်လာအောင် ကြိုးစားပြီး ဖြေးဖြေးချင်းစီလုပ်သွားမယ်ဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။ အရေးကြီးတာကတော့ ဇွဲရှိဖို့နဲ့ စိတ်ဓာတ်ခိုင်မာဖို့၊ လွယ်လွယ်နဲ့အရှုံးမပေးတတ်ဖို့ပဲ လိုပါတယ်။

Source:www.inspiringtips.com