ဆံပင်သန်ပြီး အရှည်မြန်စေဖို့အတွက် ကူညီပေးနိုင်တဲ့ သင်မသိသေးသော နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။ ခက်ခဲတဲ့နည်းလမ်းတွေ မဟုတ်တဲ့အတွက် အမြဲပုံမှန် ဂရုစိုက်ပြီး လုပ်ပေးသွားလို့ အရမ်းအဆင်ပြေတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ခေါင်းလျှော်ရည်ထဲဆားထည့်သုံးခြင်း

ကိုယ်သုံးမယ့် ခေါင်းလျှော်ရည်ထဲကို ဆားထည့်ပြီးသုံးပေးတာက ဦးရေပြားအဆီပြန်တာ သက်သာစေပြီး ဆံပင်ကျွတ်သက်သာစေလို့ ဆံပင်သန်ပြီး အရှည်မြန်စေဖို့ ကူညီပေးနိုင်ပါတယ်။

ဦးထုပ်ဆောင်းပါ

နေပူထဲသွားရင် ဦးထုပ်ဆောင်းပါ။ ဒါမှမဟုတ် ဆံပင်ကို sun spray ဖြန်းပေးပါ။ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ပေးပါ။ ဒါမှ ဆံပင်သန်ပြီး healthy hair ဖြစ်မှာပါ။

Dryer မသုံးပါနဲ့

Hair dryer တွေသုံးတာက ဆံသားခြောက်သွေ့ ပျက်စီးပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံသားမကျန်းမာရင် ဆံပင်တွေကျွတ်တဲ့အတွက် ဆံပင်သန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆံပင်သန်ချင်တယ်၊ အရှည်မြန်ချင်တယ်ဆိုရင် dryer မသုံးပဲ towel နဲ့သုတ်ပြီး သဘာဝအတိုင်း အခြောက်ခံပါ။

ပိုးသားခေါင်းအုံးစွပ်သုံးပါ

ခေါင်းအုံးစွပ်ကို cotton တွေသုံးတာက ဆံသားကျိုးပဲ့တာ၊ ကျွတ်တာတွေ ဖြစ်စေပါတယ်။ ပိုသားခေါင်းအုံးစွပ်ကျတော့ ဆံပင်ကျွတ်တာ သက်သာစေသလို ဆံပင်ငြိတာတွေလည်း သက်သာစေတာကြောင့် ဆံပင်သန်စေဖို့ ကူညီပေးပါတယ်။

ဇောက်ထိုးနေပါ၊ Hair Oil ထည့်ပါ

နေ့တိုင်း တစ်နေ့ကို ၅ မိနစ်လောက် ပထမပုံထဲကအတိင်း ခေါင်းကို ဇောက်ထိုးနေပေးပါ။ ဒါက သွေးလည်ပတ်မှု ကောင်းစေပြီး ဆံပင်သန်ကာ အရှည်လည်းမြန်စေပါတယ်။ ဆံသားကို hair oil ထည့်ပေးပါ။ ဆံသားသန်စွမ်းကျန်းမာဖို့ hair oil တွေကလည်း အရေးပါတဲ့အရာပါ။ Hair oil ထည့်ပြီး ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ massage လုပ် နှိပ်နယ်ပေးရင် သွေးလည်ပတ်မှုကောင်းပြီး ဆံပင်သန်စေတယ်၊ အရှည်မြန်စေပါတယ်။

အိပ်ယာမဝင်ခင်ခေါင်းဖြီးပါ

အိပ်ယာမဝင်ခင်မှာ ခေါင်းဖြီးတဲ့အကျင့်လေး လုပ်ပေးပါ။ ဒါမှ ဆံပင်တွေငြိတာ၊ ရှုပ်ထွေးတာတွေ မဖြစ်မှာပါ။ ဆံပင်သန်စေဖို့လည်း အထောက်အကူပြုတဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါပဲ။