ကိုယ့်ဘက်က ဘယ်လောက်ထိပဲ အနစ်နာခံပြီး ချစ်ခဲ့ပါစေ သူ့ဘက်က တန်ပြန်မလာတဲ့ အဖြစ်မျိုးက နာကျင်ရပါတယ်။ သူက သင့်ကို ချေနေတယ်ဆိုရင် သင့်အချိန်တွေက သူ့အတွက် ပေးဆပ်ဖို့ မတန်ပါဘူး။ သင်က ဒီထက် သာတဲ့ယောကျာ်းနဲ့ တွေ့ဆုံရမှာပါ။ ဒီထက် ပိုတော်တဲ့ လူနဲ့ သင်က ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့-

၁။ ထိုက်တန်ပါတယ်

ကျွန်မတို့ မိန်းမသားတွေအားလုံးက တန်ဖိုးထားခံရတယ်ဆိုတဲ့ အရာနဲ့ ထိုက်တန်ပါတယ်။ ကိုယ်ချစ်ရသူရဲ့ ဦးစားပေးတာကို မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့်ရှိပါတယ်။ အေးနေတဲ့အချိန် သင်နွေးထွေးစေဖို့ သူ့အကျ်ီခြုံပေးတာ၊ သင့်အတွက် ကားတံခါးဖွင့်ပေးတာ စတာတွေက မိန်းကလေးတိုင်း ရခွင့်ရှိတဲ့အရာပါ။ ကိုယ့်ဘက်က စချစ်မိတာနဲ့ပဲ တန်ဖိုး မထားခံရတော့ဘူးဆိုတဲ့ အရာက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

၂။ သူတို့ရဲ့ အချိန်ကို ပေးဆပ်သင့်ပါတယ်

ကျွန်မတို့တွေက ယောကျာ်းလေးတွေရဲ့ အချိန်ပေးရတဲ့အထိ ထိုက်တန်ပါတယ်။ သင်သူ့အတွက် အချိန်ပေးရသလို သူ့ဘက်ကလည်း သင့်အတွက် အချိန်ပေးရပါမယ်။

၃။ ချိန်းတွေ့တဲ့အချိန်


ချစ်ရသူနဲ့ Date တဲ့အချိန် ကျွန်မတို့တွေက ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်းရှိတဲ့ အဖိုးတန်မိန်းကလေးတစ်ယောက်အနေနဲ့ သတ်မှတ်ခံချင်ကြပါတယ်။ ဘေးပတ်ပတ်လည်မှာ ကိုယ့်ထက် ချောတဲ့မိန်းကလေးတွေရှိနေရင်တောင် သူ့မျက်လုံးထဲမှာ မိန်းကလေးဆိုလို့ သင့်ကိုပဲ မြင်တဲ့ ယောကျာ်းမျိုးကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။

၄။ သင်ငိုနေတဲ့အချိန်


သင်ငိုနေတဲ့အချိန် သူချော့ရပါမယ်။ မသိချင်ယောင်ဆောင်ရင်တော့ သင့်ကို တန်ဖိုးမထားသူကို တစ်ခုခုလုပ်လိုက်ပါတော့။

၅။ ကိုယ်ထိလက်ရောက် ပြုမူတတ်သူ


သင်နဲ့ရန်ဖြစ်တဲ့အချိန် လက်ပါတဲ့လူ၊ သင့်ကို ရိုက်နှက်တတ်သူနဲ့ တွဲနေရရင်တော့ Absolutely NO ပါ။ ဒီလိုလူမျိုးအတွက် သင့်အချိန်တွေ ပေးရတာ မတန်ပါဘူး။

၆။ သင့်ကို ချစ်ကြောင်းမပြောသေးရင် မေ့လိုက်ပါတော့


သင့်ဘက်က ဂရုစိုက်ပေးတယ်။ အစစအရာရာ ပေးဆပ်တယ်။ ဒါပေမဲ့ သူ့ဘက်က မလှုပ်ရှားဘူးဆိုရင်တော့ သူ့ကို မေ့လိုက်ပါတော့။ သူ့ထက်သာတဲ့လူ၊ သင့်ကို ပိုချစ်ပေးတဲ့လူနဲ့ တစ်နေ့ ဆုံတွေ့ပါလိမ့်မယ်။

ဒါကြောင့် ကိုယ့်ဂုဏ်ကိုယ် မြှင့်တင်ပြီး ကိုယ့်ကို တန်ဖိုးထားမယ့် ယောကျာ်းလေးကိုပဲ လက်ခံပါနော်။

Photo Source: Pinterest

By MyStyle Myanmar