ဆံပင်စတိုင်လ်ပြောင်းပြီး ကောက်ချင်တဲ့သူတွေအတွက် Hairstyle လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်အကောက်လေးနဲ့ လန်းချင်တယ်၊ ပုံစံပြောင်းချင်တယ်ဆိုရင်တော့ ဒီ Hairstyle လေးတွေကိုသာ ရွေးချယ်လိုက်ပါ။

ဒီဆံပင်အကောက်လေးကတော့ မိန်းကလေးတိုင်းကြိုက်မှာပါ။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပြီး အရမ်းလှပါတယ်။

ဒီဆံပင်အကောက်လေးကျတော့ အုံထူသလိုမျိုးလေး ဖြစ်သွားစေပါတယ်။ မျက်နှာသေးသေးလေးတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ ပုံစံလေးဖြစ်ပါတယ်။

ဆံပင်တိုတိုလေးကိုကောက်မယ်ဆိုရင် ဒီပုံစံလေးက ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။ ကောက်ထားလို့ လူကြီးဆန်သွားတာမျိုးမရှိပဲ လူငယ်ဆန်တဲ့ပုံစံလေးပါပဲ။

ဆံပင်တိုတယ်၊ ခုနကလိုပုံစံမျိုးတော့ သိပ်မကြိုက်ဘူးဆိုရင် ဒီအကောက်ပုံလေးလည်း အရမ်းလှပါတယ်။ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

စတိုင်လ်ပြောင်းပြီး လုံးဝအလန်းကောက်ချင်တယ်၊ အထာကျတဲ့ပုံစံမျိုးလေး ကောက်ချင်တယ်ဆိုရင် ဒီဆံပင်အကောက်လေးက အရမ်းလှပြီး မိုက်လည်းမိုက်ပါတယ်။

ဒီဆံပင်အကောက်လေးကျတော့ ခုနကပုံစံနဲ့ နည်းနည်းဆင်ပါတယ်။ ဒါလေးကျတော့ Bad Girl Type လေးနဲ့ မိုက်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဆံပင်အရောင်ဆိုးပြီး ဒီလိုကောက်တာလေးလည်း အထာကျပြီးမိုက်ပါတယ်။ မျက်နှာသွယ်သွယ်လေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။

ကိုရီးယားမလေးတွေလို ပြေပြေလေးပဲကောက်ချင်တာဆိုရင် ဒီလိုမျိုးလေးကောက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဆံပင်အရှည်ကြီးကို ကောက်မယ်ဆိုရင် အရမ်းလည်းလူကြီးဆန်တဲ့ပုံစံ ဖြစ်မသွားအောင် ဒီလိုလေးကောက်ကြည့်ပါ။ အရောင်လေးဆိုးထားရင်တော့ ပိုပြီးလှမှာပါ။

အသက် ၃၀ အထက်တွေဆိုရင် တည်ငြိမ်တဲ့ပုံစံလေး ကောက်ချင်တာဆိုရင် ဒီပုံလေးကောက်ကြည့်ပါ။ အရမ်းလှပါတယ်။

photo source:www.pinterest.com