အသက်ရှူကျပ်ပြီး အသက်ရှူရခက်ခဲတာ၊ အသက်ရှူမဝတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ တချို့ကျတော့လည်း တစ်ခါတစ်လေဖြစ်တာမျိုးပါ၊ ဒါပေမယ့် တချို့ကျတော့ ခဏခဏကိုဖြစ်ပါတယ်။ အသက်ရှူကျပ်ပြီး အသက်ရှူမဝရင် အရမ်းကိုအားစိုက်ပြီးရှူရတဲ့အတွက် ပင်ပန်းပါတယ်။ အသက်ရှူမဝတော့ စိတ်တိုလာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာမျိုးတွေက ရောဂါကြောင့်လည်း ဖြစ်နိုင်သလို၊ ဘာရောဂါမှမရှိပဲ အားလုံးကောင်းနေရက်နဲ့လည်း ဖြစ်တတ်ပါတယ်။ ရောဂါကြောင့်ဖြစ်တာ၊ ခဏခဏဖြစ်တာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ အားလုံးလည်းကောင်းနေရက်နဲ့ တစ်ခါတစ်လေကျမှ ဖြစ်တာဆိုရင်တော့ စိတ်ဖိစီးမှုတွေကြောင့်ပါ။ စိတ်ဖိစီးမှုတွေရှိလို့ အသက်ရှူကျပ်ပြီး အသက်ရှူမဝတာမျိုးဆိုရင်တော့ ဒီနည်းလမ်းတွေနဲ့ သက်သာအောင် ကိုယ်တိုင်လုပ်လို့ရပါတယ်။

အသက်ရှူလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ

နှာခေါင်းနဲ့လေကိုရှူသွင်းပြီး ပါးစပ်နဲ့ပြန်ထုတ်တဲ့ အသက်ရှူလေ့ကျင့်ခန်းမျိုးပါ။ ဒီလို အသက်ရှူလေ့ကျင့်ခန်းကို တစ်နေ့ ၂ ကြိမ် (သို့) ၃ ကြိမ် လုပ်ပေးပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ၅ မိနစ်ကြာအောင် လုပ်ပေးရပါမယ်။

လေကောင်းလေသန့်ရှူပါ

မနက်စောစော (သို့) ညနေဘက်ကို အပြင်မှာလမ်းထွက်လျှောက်ပြီး လေကောင်းလေသန့်ရှူပါ။ နေ့တိုင်းလုပ်ပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

စိတ်ဖိစီးမှုကြောင့် အသက်ရှူကျပ်တာမျိုးတွေဖြစ်ရင် ညဘက်စောစောအိပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ သက်တောင့်သက်သာဖြစ်စေတဲ့ပုံစံမျိုးနဲ့ အိပ်စက်ပါ။

အနားယူပါ

စိတ်ဖိစီးမှုကြောင့် အသက်ရှူကျပ်တာမျိုးဆိုရင် ကိုယ့်မှာဘာတွေစိတ်ညစ်စရာရှိလဲ၊ ဘာတွေ Pressure ဖြစ်နေလဲဆိုတာကို စဉ်းစားပြီး အလုပ်ကြောင့်ဆိုလည်း အလုပ်ကိုခဏနားလိုက်တာမျိုး လုပ်ပေးပါ။ အနားယူပါ။ အများကြီးမတွေးပါနဲ့။ စိတ်မချမ်းမြေ့စရာတွေကို မကြည့်ပါနဲ့။ မစဉ်းစားပါနဲ့။

ယောဂကျင့်ပါ၊ တရားထိုင်ပါ

စိတ်ဖိစီးမှုကြောင့် အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာမျိုးဆိုရင် တရားထိုင်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် တရားထိုင်ပေးပါ။ ယောဂကျင့်ချင်တယ်ဆိုလည်း ရပါတယ်။ လေကောင်းလေသန့်ရတဲ့နေရာမျိုးမှာ ယောဂကျင့်တာမျိုး လုပ်ပေးပါ။

ကော်ဖီသောက်ပါ

ကဖင်းဓာတ်က ကြွက်သားတွေကို Relax ဖြစ်စေပြီး အဆုတ်အားပိုကောင်းစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာတွေကို သက်သာစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။